Daily Archives: March 4, 2018

သတင်း

မကြောက်ပါနဲ့ဗျာ လက်နက်ဆိုလို့ ခဲချွန်ဓားတောင် မကိုင်ပါဘူး

ဝီရသူ တရားဟောခွင့် ပြန်ရမှာ ဘာကြောင့်များ ကြောက်နေကြတာလဲ မသိပါ။ News Watch သတင်းမှာ မတ်လ ၉ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဆိုသော သတင်း တွေ့လိုက်ရပါတယ်။ ဧကန္တတော့ သက်တမ်းတိုးစေချင်ပုံရပါတယ်။ သက်တမ်းတိုးမရလို့ တရားမဟောနိုင်အောင်(ဝါ)တရားဟောလို့မရအောင် လူကို ရန်ရှာနေတာလဲ တွေ့ရပါတယ်။ မကြောက်ပါနဲ့ဗျာ လိပ်ပြာလုံတဲ့သူတွေအတွက် ဝီရသူဟာ မိတ်ဆွေကောင်းအစစ်ပါ။ လိပ်ပြာမလုံတဲ့သူတွေအတွက်တော့ မပြောတတ်ဘူးပေါ့လေ။ ဝီရသူကို ဖမ်းစေချင်တဲ့သူတွေ ဝီရသူကို ဖမ်းချင်တဲ့သူတွေ ဝီရသူကတော့ အဖမ်းခံရန် အသင့်ရှိနေကြောင်းပါခင်ဗျာ။ ဝီရသူ(မစိုးရိမ်) 3.3.2018 PM 11:25 ဦးဝီရသူကို တရားဟောပြောခွင့်ပိတ်ပင်ထားမှု မတ်လ ၉ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဦးဝီရသူကို ...
သတင်းလောကအလင်းပညာဒါနကျောင်း

“လောကအလင်း ကျောင်းပိတ်ပြီ

27.2.2018 ရက်နေ့ မနက်ပိုင်းမှာ လောကအလင်း သားသားမီးမီးလေးတွေဆီ ရောက်ရှိခဲ့ပါတယ်။ ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုရတော့မှာမို့ သွားရောက်အားပေးခြင်းပါ။ ဒီနေ့ ကျူရှင်ကျောင်း နောက်ဆုံးနေ့ပါပဲ။ ၂၈ ရက်နေ့မှစပြီး ကျောင်းပိတ်ပါပြီ။ သားသားမီးမီးလေးတွေကို အားပေးစကားပြောပြီး လက်ဖက်ရည်နဲ့မုန့် တိုက်ကျွေးခဲ့ပါတယ်။ အလှူရှင်ကတော့ မန္တလေး မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ ဖြစ်ပါတယ်။ ဆရာတော်ကြီးကိုယ်တိုင် ကလေးတွေကို မုန့်ဝေကျွေးတာပါ။ သြဝါဒလည်း ချီးမြှင့်ပါတယ်။ စာရေးသူကတော့ ကလေးတွေ စာမေးပွဲ အောင်ဖို့အတွက် ဂါထာမန္တာန် ရွတ်ဖတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ စာရေးသူပေးခဲ့တဲ့ ဂါထာကတော့ ဥုံ မပူနဲ့ မပေါ့နဲ့ ဖြစ်ပါတယ်။ အဲ့ဒါလေးကို နာနာရွတ်ပြီး မိမိကိုယ်ကို သတိပေးဖို့ ဆုံးမခဲ့တာပါ။ စာရှုသူတို့လည်း ...
ဂျာနယ်သတင်း

ပြည်ချစ်သားဂျာနယ် ထွက်ပြီ

▶️ ထမင်းဝအောင်စားထား ✨ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးနှင့်အတူ ပြည်ချစ်သားဂျာနယ် အတွဲ(၂) အမှတ်(၁၂)ကို အမျိုးတို့ထံ ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်😊 ဒီတစ်ပတ်ထုတ် ပြည်ချစ်သားဂျာနယ်မှာ – ✒️ အယ်ဒီတာရဲ့ ထမင်းဝအောင်စားထား ✒️ KL(Junior) ရဲ့ ဘုရားလောင်းလမ်းစဉ်ဟူသည် ✒️ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး၏ ၀ိဇာတမွေးနေ့မြင်ကွင်းများ ✒️ ရဲထွဋ်၏ ဆည်းဆာ ✒️ ရှင်မတောင်ဆရာတော်ဘဒ္ဒန္တက၀ိန္ဒောဘာသ၏ ကောင်းလေးကောင်းလမ်းစဉ် ✒️ မှူးသခင်၏ ပုဝါနဲ့ထုပ်တဲ့ ငါးပုပ် ✒️ ဦးဦးတာ၏ အဟာရဖြစ်တာလည်းစား၊ ကြေညက်အောင်လည်းဝါး ✒️ အောင်မျိုးသူလွင်၏ ထရိုဂျန်မြင်းတွေနဲ့ ခပ်ဝါးဝါးပြည် ✒️ ဘကြီးအောင်ရဲ့ ရခိုင်အရေး ✒️ ၀ီရသူ(မစိုးရိမ်)ရဲ့ ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၁၂) ✒️ စေတိယင်္ဂဏ ရာပြည့်ပွဲတော် ✒️ ကိုသိမ်းမောင်(ဥပဒေ)၏ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၄၅

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ သန်လျင်မြို့နေ အရှင်ဉာဏိဿရမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (25.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
သတင်းအင်တာဗျူး

ဘာ့ကြောင့် အမုန်းခံနေသလဲလို့မေးရင် ပြည်သူတွေ နိုင်ငံရေးကိုးကွယ်မှုမမှားအောင် အမုန်းခံနေတယ်လို့ပဲ ဖြေရမှာပါ (အပိုင်း-၂ နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ရွာမဆရာတော်ကြီးရဲ့ မွေးနေ့ မှာလည်း အရှင်ဘုရားပေးတဲ့ သြဝါဒထဲ က လိုချင်တဲ့အပိုင်းလေးဖြတ်ပြီး ထမင်းဝ အောင်စားထားဆိုတာလေးပဲ ဖြတ်ပြီး အွန်လိုင်းပေါ် ပြန်တင်ကြတယ်ပေါ့ဘုရား။ တချို့ကလည်း အဓိပ္ပါယ်အပြည့်အစုံ မသိဘဲနဲ့ ရောထွေးပြီးတော့ တော်တော် လေး ဝေဖန်တာလည်း ရှိပါတယ်ဘုရား။ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ကွင်းထဲကို အ တင်းတွန်းပို့တဲ့အပေါ်မှာ အရှင်ဘုရား အနေနဲ့ ဘာများပြောစရာရှိမလဲဘုရား။ ဖြေ- သူတို့ကတော့ ဒီလိုပဲ၊ သတ်ကွင်း ထဲပို့လာခဲ့တာ ကြာပြီလေ။ ဥပမာဆိုကြ စို့- သူတို့ပြောသလို ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၄၄

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆လမ်း၊ ၄၀×၄၁လမ်းကြား မယမင်းဖြူဖြူကို(၄)နှစ်ပြည့် မွေးနေ့အဖြစ် အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (24.2.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ...