သတင္း

စာေအာင္သံဃာ ပူေဇာ္ပြဲ

စာေအာင္သံဃာ ပူေဇာ္ပြဲ
=============

၁၃၈၃ ခု၊ နေတၱာ္လျပည့္ေက်ာ္ ၁၀ရက္ (28.12.2021)ရက္ေန႔ မႏၲေလး မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ က်င္းပပါတယ္။

မနက္ပုိင္းမွာ အလွဴရွင္မ်ားအား အႏုေမာဒနာတရား ေဟာၾကားခ်ီးျမႇင့္ၿပီး သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ပါတယ္။
မြန္းတည့္ ၁၂း၀၀နာရီမွာ စာေအာင္သံဃာေတာ္မ်ားအား လွဴဖြယ္ဝတၳဳမ်ား ဆက္ကပ္ပူေဇာ္ပါတယ္။

ဒီဆုေပးပြဲကို ၂၀၁၆ ခုႏွစ္က စတင္က်င္းပခဲ့တာပါ။ ဒီေန႔ပြဲႏွင့္ဆုိရင္ စတုတၳအႀကိမ္ေျမာက္ျဖစ္ပါတယ္။
စာေရးသူ သီတင္းသံုးရာ ဓမၼသဟာယေက်ာင္းမွ စာေအာင္သံဃာမ်ား၊ မစုိးရိမ္တုိက္သစ္တစ္ဝင္းလံုးရွိ သက်သီဟစာေမးပြဲ စာသင္တန္း စာခ်တန္းႏွင့္ အစိုးရစာေမးပြဲ ႏုိင္ငံေက်ာ္ရသူမ်ားကို ႏွစ္စဥ္ သီးသန္႔ဆုေပးလာခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ ေနာက္ပိုင္း စာေရးသူေက်ာင္းမွာသီတင္းမသံုးႏုိင္သျဖင့္ ယခုမွ ျပန္လည္က်င္းပရျခင္း ျဖစ္တယ္။
၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္ ၂ႏွစ္စာအတြက္ တစ္ေပါင္းတည္းက်င္းပလုိက္ရျခင္း ျဖစ္ပါတယ္။
ယခင္က စာေရးသူရရွိထားေသာ ဓမၼပူဇာေငြမ်ားျဖင့္သာ ပူေဇာ္ခဲ့ျခင္းျဖစ္ေသာ္လည္း ယခုအခါ၌ တရားပြဲမ်ားမရွိသျဖင့္ ဆုေပးပြဲမက်င္းပျဖစ္ခဲ့ပါ။ တပည့္မ်ားကလည္း ဆရာဘုန္းႀကီးျပန္လာသျဖင့္ အားကိုးတႀကီးျဖင့္ ဆုေမွ်ာ္ေနၾကေၾကာင္း သိရွိရသျဖင့္ ဒါယကာ ဒါယိကာမမ်ားကို အေၾကာင္းၾကားခဲ့ရပါတယ္။ အလွဴရွင္မ်ား၏ေက်းဇူးေၾကာင့္ ဆုေပးပြဲေလး ျဖစ္ေျမာက္ေအာင္ျမင္သြားခဲ့ပါတယ္။

ဆုေငြမ်ားကေတာ့
သက်သီဟ က်မ္းၿပီးဘြဲ႔ရ – ၅၀၀၀၀၀ိ
သက်သီဟ စာသင္တန္းေအာင္ – ၃၀၀၀၀၀ိ
အစုိးရမူလတန္း ပထမဆု – ၂၀၀၀၀၀ိ
အစုိးရဓမၼာစရိယက်မ္းၿပီးဘြဲ႔ရ – ၁၅၀၀၀၀ိ
အစုိးရဓမၼာစရိယ တစ္က်မ္းေအာင္ – ၅၀၀၀၀ိ
အစုိးရအႀကီးတန္းေအာင္ – ၅၀၀၀၀ိ တုိ႔ ျဖစ္ပါတယ္။
စုစုေပါင္း စာေအာင္သံဃာ ၂၈ပါး
အလွဴေငြ ၆၂သိန္း ျဖစ္ပါတယ္။
———————————

စာအောင်သံဃာ ပူဇော်ပွဲ
=============

၁၃၈၃ ခု၊ နတ္တော်လပြည့်ကျော် ၁၀ရက် (28.12.2021)ရက်နေ့ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။

မနက်ပိုင်းမှာ အလှူရှင်များအား အနုမောဒနာတရား ဟောကြားချီးမြှင့်ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။
မွန်းတည့် ၁၂း၀၀နာရီမှာ စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ပူဇော်ပါတယ်။

ဒီဆုပေးပွဲကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့တာပါ။ ဒီနေ့ပွဲနှင့်ဆိုရင် စတုတ္ထအကြိမ်မြောက်ဖြစ်ပါတယ်။
စာရေးသူ သီတင်းသုံးရာ ဓမ္မသဟာယကျောင်းမှ စာအောင်သံဃာများ၊ မစိုးရိမ်တိုက်သစ်တစ်ဝင်းလုံးရှိ သကျသီဟစာမေးပွဲ စာသင်တန်း စာချတန်းနှင့် အစိုးရစာမေးပွဲ နိုင်ငံကျော်ရသူများကို နှစ်စဉ် သီးသန့်ဆုပေးလာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ နောက်ပိုင်း စာရေးသူကျောင်းမှာသီတင်းမသုံးနိုင်သဖြင့် ယခုမှ ပြန်လည်ကျင်းပရခြင်း ဖြစ်တယ်။
၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ၂နှစ်စာအတွက် တစ်ပေါင်းတည်းကျင်းပလိုက်ရခြင်း ဖြစ်ပါတယ်။
ယခင်က စာရေးသူရရှိထားသော ဓမ္မပူဇာငွေများဖြင့်သာ ပူဇော်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ၌ တရားပွဲများမရှိသဖြင့် ဆုပေးပွဲမကျင်းပဖြစ်ခဲ့ပါ။ တပည့်များကလည်း ဆရာဘုန်းကြီးပြန်လာသဖြင့် အားကိုးတကြီးဖြင့် ဆုမျှော်နေကြကြောင်း သိရှိရသဖြင့် ဒါယကာ ဒါယိကာမများကို အကြောင်းကြားခဲ့ရပါတယ်။ အလှူရှင်များ၏ကျေးဇူးကြောင့် ဆုပေးပွဲလေး ဖြစ်မြောက်အောင်မြင်သွားခဲ့ပါတယ်။

ဆုငွေများကတော့
သကျသီဟ ကျမ်းပြီးဘွဲ့ရ – ၅၀၀၀၀ဝိ
သကျသီဟ စာသင်တန်းအောင် – ၃၀၀၀၀ဝိ
အစိုးရမူလတန်း ပထမဆု – ၂၀၀၀၀ဝိ
အစိုးရဓမ္မာစရိယကျမ်းပြီးဘွဲ့ရ – ၁၅၀၀၀ဝိ
အစိုးရဓမ္မာစရိယ တစ်ကျမ်းအောင် – ၅၀၀၀ဝိ
အစိုးရအကြီးတန်းအောင် – ၅၀၀၀ဝိ တို့ ဖြစ်ပါတယ်။
စုစုပေါင်း စာအောင်သံဃာ ၂၈ပါး
အလှူငွေ ၆၂သိန်း ဖြစ်ပါတယ်။