မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း





“ပညာရေးအကယ်ဒမီ ကျောင်းသား/သူများ လေ့လာရေးခရီးစဉ် (၁)”

သီတင်းကျွတ်လဆန်း ၁၄ ရက် (23.10.2018)ရက်နေ့မှာ မင်းကွန်းတောင်ရိုး ဓမ္မနာဒပရိယတ္တိစာသင်တိုက်သို့ လေ့လာရေးခရီးသွားကြပါတယ်။ မင်းကွန်းဆရာတော်ကြီးပြတိုက်မှာ ဆရာတော်ကြီးရုပ်တုများကို ဖူးမြော်ပူဇော်ရင်း လေ့လာခဲ့ကြတာပါ။

ပညာရေးအကယ်ဒမီကျောင်းက ဝါအဝင်လည်း ကျောင်းမပိတ် ဝါကျွတ်လည်းကျောင်းမပိတ်ပါ။
စတင်တည်ထောင်ခါစအချိန်မှာ ပညာရေးအခြေခံနည်းကြသူတွေများလို့ ရွာပြန်ခွင့်မပေးတာလည်း ပါပါတယ်။ သားသားမီးမီးတွေကတော့ ငိုသူကငို သပိတ်မှောက်သူကမှောက်နဲ့ အိမ်ပြန်ချင်တဲ့သူတွေလည်း ရှိပါတယ်။ အိမ်ပြန်ချင်ရင် အပြီးပြန်ရမှာမို့ မပြန်ဖြစ်ကြတာပါ။

အခုတော့ စိတ်ပြေလက်ပျောက် ဘုရားဖူးထွက်ရင်း လေ့လာရေးသွားကြတာပါ။ စပီကင်ဆရာတော်ဦးကုဏ္ဍလနှင့် ဂရမ်မာဆရာတော် ဦးပညာဓဇတို့ ဦးဆောင်လိုက်ပို့ပါတယ်။
လမ်းလျှောက်သွားကြတာပါ။ သူတို့လေးတွေ ပျော်ခဲ့ကြပါတယ်။ ဒီနေ့ခရီးမှာတော့ ကျောင်းသူတွေကိုပဲ သီးသန့်သွားခွင့်ပြုပေးထားတာပါ။