သတင်း
ဝါကျွတ်ကန်တော့ပွဲ
“ဝါကျွတ်ကန်တော့ပွဲ”
ဝီရသူဆိုတာ ကမ္ဘာကျော်ကြီးပါဗျာ။ ကမ္ဘာကျော်ဆရာတော်လို့ ကင်ပွန်းတပ်ခံရပေမယ့် ဝီရသူမှာ ဒကာ ဒကာမအင်အားမရှိပါ။ တရားပွဲနှင့် အခမ်းအနားတွေမှာ အားပေးကြသူူတွေကိုကြည့်ပြီး ဝီရသူဘုန်းကံကြီးတယ်လို့ မထင်လိုက်ကြပါနဲ့။
ပရိသတ်သာရှိတာပါ။ ဒကာ မရှိပါ။ စပွန်ဆာနတ္ထိပါ။ ဓမ္မပူဇာများနှင့် အမျိုးသားရေးလုပ်နေသူပါ။ ပြည်သူစပွန်ဆာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေတဲ့သူလို့ပဲ ခံယူထားပါတယ်။
အခု သီတင်းကျွတ်လပြည့်နေ့ (24.10.2018)မှာ လာရောက်ကန်တော့သူများကတော့ ဝီရသူရဲ့ ပါရမီဖြည့်ဖက် ဝိုင်းတော်သားများဖြစ်ပါတယ်။
သူတို့လေးတွေ စုပေါင်းပြီး လာရောက်ကန်တော့ကြတာပါ။ နမောတဿ နာနာရွတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။