သတင်း

ပါတော်မူ နောင်တော်ကြီး ကျောင်းတိုက်ဆီသု

13.11.2017 ရက်နေ့ ညနေပိုင်းမှာ နောင်တော်ကြီးဦးပါမောက္ခ သတင်းသုံးတော်မူခဲ့ရာ မြောက်ဒဂုံ မကွေးကျောင်းတိုက်သို့ ရောက်ရှိခဲ့ပါတယ်။ တနင်္သာရီတိုင်း၊ ရေဖြူမြို့မှအပြန် ရန်ကုန်တစ်ထောက်နားစဉ် ဦးပါမောက္ခအရေးတိုက်ဆိုင်တာနှင့် သွားရောက်ခဲ့တာပါ။

မျိုးချစ်ဇာနည် အားလုံးနှင့်လည်း တွေ့ဆုံခဲ့ပါတယ်။ နောင်တော်ကြီးဦးပါမောက္ခ အတွက် လိုအပ်ရာရာ သုံးစွဲရန် နဝကမ္မ ငါးသိန်းကျပ် လှူဒါန်းခဲ့ပါတယ်။

နောင်တော်ကြီးဦးပါမောက္ခကိုဝန်းရံဖို့ အမျိုးသားရေးသမားတွေကို တိုက်တွန်းခဲ့ပြီး မကွေးကျောင်း စာချဆရာတော် ဦးဣဿရိယနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပါတယ်။

စာသင်သံဃာတော် ၄၀ကျော်ကိုလည်း သြဝါဒပေးခဲ့ပါတယ်။ နောင်တော်ကြီးမရှိသော်လည်း အားမငယ်ကြဖို့၊ နောင်တော်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ခေါင်းထဲမရောက်စေဖို့ ပုံမှန်စာကျက် ပုံမှန်စာတက် ပုံမှန်စာပြန် ပုံမှန်လေ့ကျင့်ခန်းဖြေ ပုံမှန်ဘုရားဝတ်တက် ပုံမှန်ဆွမ်းခံကြဖို့ တိုက်တွန်းခဲ့တာပါ။

နောင်တော်ကြီးဦးပါမောက္ခ NLD အစိုးရတည်းဟူသော မင်းဆိုး မင်းညစ် မင်းယုတ် မင်းညံ့ မင်းဖျင်း မင်းစုတ် မင်းပဲ့ မင်းနုံ မင်းချာ မင်းကြမ်း မင်းရိုင်း မင်းဗလာချာဘေးမှ ကင်းဝေးပါစေသော်………………ဝ်။