မန်းမဟော်သဓာသတင်း
“ပန္နက်တော်တင်မဟာမင်္ဂလာ ဖိတ်ကြားလွှာ”
(မျိုးချစ်အားလုံးကို ဖိတ်ကြားပါတယ်။ လောလောဆယ် မန္တလေး၊ အမရပူရ၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ရန်ကုန်တို့မှ အမျိုးသားရေးအင်အားစုများ လာရောက်အားပေးကြမယ်လို့ သတင်းပို့ထားပါတယ်။ မည်သူမဆို လာရောက်အားပေးနိုင်ပါတယ်။ ပန္နက်တင်မင်္ဂလာအခမ်းအနားက ရး၄၅ နာရီဖြစ်ပေမယ့် မန်းမဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးအတွက် ဆန္ဒပြုထောက်ခံလက်မှတ် ရေးထိုးကြမှာကတော့ ပန္နက်တင်ပြီးမှပါ။ ၁၂း၀၀ နာရီအထိ လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။ နယ်ပရိသတ်များအတွက် ထမင်းဘူးများ စီစဉ်ထားပါတယ်။ အချင်းချင်းလည်း လက်တို့်လိုက်ကြပါဦးဗျာ။)
မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး(မန္တလေး)၏
ပင်မစာသင်ဆောင် ပန္နက်တော်တင်မဟာမင်္ဂလာအခမ်းအနားကို
အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍
ကြွရောက်ချီးမြှောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
မန်းဟော်သဓာဖြစ်မြောက်အောင်မြင်ရေးဗဟိုကော်မတီ
ကျင်းပမည့်နေ့ရက် – ၁၃၈၀-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၆)ရက်၊ ၂၀၁၉-ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ စနေနေ့။
ကျင်းပမည့် အချိန် – နံနက်(၆း၀၀)နာရီ။
ကျင်းပမည့် နေရာ – မန်မဟော်သဓာ၊ ကျောက်ချောကျေးရွာ၊ ရွှေစာရံအုပ်စု၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။