သတင္း

က်ဳိကၡမီဘုရားဖူး

18.1.2019 ရက္ေန႔၊ မနက္ အရုဏ္ဆြမ္း ေမာ္လၿမဳိင္ၿမဳိ႕၊ ကမ္းနားဆိပ္မွာ ဘုဥ္းေပးပါတယ္။
ဟိတဓရဆရာေတာ္ေလးရဲ႕ ရဟန္းမယ္ေတာ္ ေဒၚေအးေအးသိန္းတုိ႔မိသားစု လုိက္ပို႔တာပါ။
ကမ္းနားရႈခင္းကိုၾကည့္ရႈရင္း ေလညင္းေလးခံရင္း ယိုးဒယားထမင္းသုပ္ မွာစားလုိက္ပါတယ္။
မစားဖူးလုိ႔လားေတာ့မသိ စားလုိ႔အေတာ္ေကာင္းတယ္ဗ်။

ဆက္လက္ၿပီး က်ဳကၡမီသုိ႔ ဘုရားဖူးထြက္ပါတယ္။ ဘုရားဖူးရင္း ဘုရားအေနကဇာတင္ရင္း ငါးကေလးေတြကို အစာေကၽြးပါတယ္။ ဘဝအေမာေတြ တခဏေျပခဲ့ပါတယ္ဗ်ာ။ အဲဒီေနာက္ စက္စဲေက်းရြာသို႔ ေရာက္ရွိပါတယ္။ အရွင္ဓမၼရကၡတာလကၤာရ(ပိဋကတစ္ပုံေဆာင္)ႏွင့္အတူ ေန႔ဆြမ္းစားပါတယ္။

ေန႔ဆြမ္းစားရင္း စက္စဲသူေတြနဲ႔ ပြဲမိန္႔ခံခဲ့ရပုံေတြ ေျပာၾကရင္း တဝါးဝါးတဟားဟားနဲ႔ အခုိက္အတန္႔ေလးမွာပဲ ရင္းႏွီးသြားၾကပါတယ္။ သူတုိ႔ကတအားေၾကာက္ေနေတာ့ ဦးပဥၥင္းက ၿဖဲေျခာက္လုိ႔ေကာင္းတာေပါ့။

အေဝးႀကီးကလာရတာ ႏိုင္ငံေရးမေဟာဘဲမေနႏိုင္ဘူး၊ ဒါနသီလေလာက္နဲ႔ မေက်နပ္ႏိုင္ဘူးလုိ႔ေျပာတာကို လက္မွတ္ထုိးခဲ့ရတဲ့ ဒကာေတာ္ရဲ႕အမ်ဳိးသမီးက တကယ္ေဟာမယ္ထင္ၿပီး ေၾကာက္ေနပါေတာ့တယ္။ ပင္လယ္စာေတြ စားလုိ႔ေကာင္းပါတယ္ဗ်ာ။

“ကျိုက္ခမီဘုရားဖူး”

18.1.2019 ရက်နေ့၊ မနက် အရုဏ်ဆွမ်း မော်လမြိုင်မြို့၊ ကမ်းနားဆိပ်မှာ ဘုဉ်းပေးပါတယ်။
ဟိတဓရဆရာတော်လေးရဲ့ ရဟန်းမယ်တော် ဒေါ်အေးအေးသိန်းတို့မိသားစု လိုက်ပို့တာပါ။
ကမ်းနားရှုခင်းကိုကြည့်ရှုရင်း လေညင်းလေးခံရင်း ယိုးဒယားထမင်းသုပ် မှာစားလိုက်ပါတယ်။
မစားဖူးလို့လားတော့မသိ စားလို့အတော်ကောင်းတယ်ဗျ။

ဆက်လက်ပြီး ကျုက္ခမီသို့ ဘုရားဖူးထွက်ပါတယ်။ ဘုရားဖူးရင်း ဘုရားအနေကဇာတင်ရင်း ငါးကလေးတွေကို အစာကျွေးပါတယ်။ ဘဝအမောတွေ တခဏပြေခဲ့ပါတယ်ဗျာ။ အဲဒီနောက် စက်စဲကျေးရွာသို့ ရောက်ရှိပါတယ်။ အရှင်ဓမ္မရက္ခတာလင်္ကာရ(ပိဋကတစ်ပုံဆောင်)နှင့်အတူ နေ့ဆွမ်းစားပါတယ်။

နေ့ဆွမ်းစားရင်း စက်စဲသူတွေနဲ့ ပွဲမိန့်ခံခဲ့ရပုံတွေ ပြောကြရင်း တဝါးဝါးတဟားဟားနဲ့ အခိုက်အတန့်လေးမှာပဲ ရင်းနှီးသွားကြပါတယ်။ သူတို့ကတအားကြောက်နေတော့ ဦးပဉ္စင်းက ဖြဲခြောက်လို့ကောင်းတာပေါ့။ အဝေးကြီးကလာရတာ နိုင်ငံရေးမဟောဘဲမနေနိုင်ဘူး၊ ဒါနသီလလောက်နဲ့ မကျေနပ်နိုင်ဘူးလို့ပြောတာကို လက်မှတ်ထိုးခဲ့ရတဲ့ ဒကာတော်ရဲ့အမျိုးသမီးက တကယ်ဟောမယ်ထင်ပြီး ကြောက်နေပါတော့တယ်။ ပင်လယ်စာတွေ စားလို့ကောင်းပါတယ်ဗျာ။