သတင်း
သဟာယအင်တာနက်ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်သော ဆရာတော်၏ အစီအစဉ် (၇- နိဂုံး) 3.6.2019 တနင်္လာနေ့
မှတ်ထားပါ။ NLD အစိုးရက တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ရင် ဝီရသူ NLD အစိုးရကို အပြည့်အဝထောက်ခံပါမယ်။ စစ်တပ်က တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်နေလို့ စစ်တပ်ကို ကျုပ်အပြည့်အ၀ ထောက်ခံနေတာ။ ဒါ ခင်ဗျားတို့ နားလည်ရမယ်။
အဲ့လိုပဲ ကိုယ်ကဖြင့် ဒီမိုကရေစီ စံမီအောင် မကျင့်ကြံနိုင်သေးဘူး။ စာအုပ်ကြီးက ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မညီလို့ဆိုပြီး စာအုပ်ကြီးကို ဇွတ်ပြင်နေတဲ့သူတွေလည်း သတိထား။ ခင်ဗျားတို့ တောက်ချိုးတွေကို အရင်ပြင်ကြ။ စာအုပ်ကြီးကို နောက်မှပြင်ကြ။ ခင်ဗျားတို့ တောက်ချိုးတော့ မပြင်ဘဲနဲ့ စာအုပ်ကြီးကို အပြစ်ပုံမချနဲ့။ ခင်ဗျားတို့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေကို ဖျက်ပစ်တယ် မဟုတ်လား။ အဲဒီအတွက် ကျုပ်ပြောပါဦးမယ်။
ခုဒ္ဒက နိကာယ်၊ ဇာတက ပါဠိတော် ၊ တိက နိပါတ် ၊ ဗျဂ္ဃဇာတ်ဆိုတာ ရှိပါတယ်။ တောဆိုတာ ခြင်္သေ့နဲ့ကင်းပြီးတော့လည်း မနေကောင်းဘူးတဲ့။ ရှင်းလား အဲဒီလိုပဲ ခြင်္သေ့နဲ့ကင်းပြီးနေရင် တောက တောနဲ့မတူဘဲ တောပြုန်းသွားလိမ့်မယ်။ တိုင်းပြည်ဆိုတာ စစ်တပ်နဲ့ကင်းပြီးမနေကောင်းဘူး။ စစ်တပ်မရှိရင် သူ့ကျွန်အောက် ရောက်သွားလိမ့်မယ်။ ခင်ဗျားတို့ ဒီမိုကရေစီမပြည့်ဝသေးတဲ့အခါမှာ လွှတ်တော်ထဲမှာ စစ်သားတွေမရှိမဖြစ်လိုအပ်နေမယ်။ ခင်ဗျားတို့ ကိုယ်တိုင် ဒီမိုကရေစီပြည့်ဝပြီဆိုလို့ရှိရင် စစ်သားတွေ တစ်ယောက်မှမထားနဲ့။ ကျုပ် လုံး၀ သဘောတူတယ်။
ခင်ဗျားတို့ ကိုယ်တို်င်က ဒီမိုကရေစီ မပြည့်ဝပါဘဲနဲ့ ဒီမိုကရေစီ သဘောတရားကို မကျင့်သုံးဘဲနဲ့ ဒီစာအုပ်ကြီးကိုပဲ လက်ညိုးထိုး ဒါကြီးကိုပြင်မယ် ပြင်မယ်ဆိုတာ သက်သက်နိုင်ငံရေး စတန့်ထွင်တာပဲလို့ ကျုပ်ယူဆတယ်။ နိုင်ငံရေး အကြပ်အတည်းတွေ့အောင် လုပ်တာပဲလို့ ကျုပ်ယူဆတယ်။ စစ်တပ်ကို တနည်းတဖုံ အနိုင်ကျင့်တာပဲလို့ ကျုပ်ယူဆတယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ခင်ဗျားတို့တတွေ ရောင်းစားတော့မှာမို့လို့ ဒီလို လုပ်နေတာပဲလို့ ကျုပ်ယူဆတယ်။ ဒါကြောင့် ကျုပ် အသည်းအသန် ကာကွယ်နေတယ်။ အဲဒီလို ကာကွယ်တာကြောင့် ခင်ဗျားတို့ တတွေက ပုဒ်မတွေတပ်တယ်၊ ဝရမ်းထုတ်တယ်။ ရတယ်. ကိစ္စမရှိဘူး ကျုပ်က ဘုရားသားတော်ဗျ။ သံဃာ့အဖွဲ့အစည်းရဲ့ ဓမ္မစက်အတွင်းမှာ ကျုပ်နေထိုင်တယ်ဗျ။ ကျုပ် ဓမ္မစက်နဲ့ ရင်ဆိုင်ပြီးမှ ခင်ဗျားတု့ိ အာဏာစက်နဲ့ ရင်ဆိုင်မယ်။ ရှင်းလား။
ပြန်ပြောမယ် စစ်တပ်နဲ့ မဘသ ဆိုတာ ခြင်္သေ့နဲ့ ကျားလိုပဲ သူတို့ကြောင့် ခင်ဗျားတို့ အစ္စလာမ် မိုက်ဇေးရှင်းအန္တရာယ် ကင်းနေတာ။ သူတို့မရှိလို့ရင် သီဟိုဠ်လိုဖြစ်သွားမယ်။ ခင်ဗျားတို့အားလုံး သဘောပေါက်။ နားလည်လား ကြားလား ရှင်းလား။ သေချာမှတ်ထား။
3.6.2019 တနင်္လာနေ့ ဆရာတော်၏ တိုက်ရိုက် ထုတ်လွှင့်သော အစီစဉ်မှ