သတင္း

သမၼတရံုး၏ တာဝန္ေပးခ်က္အရ ဆရာေတာ္ဦးဝီရသူကို တရားစြဲဆိုျခင္းဟု တရားလို ထြက္ဆို

ႏိုင္ငံေတာ္သမၼတ႐ုံး၏ တာဝန္ေပးခ်က္အရ ဆရာေတာ္ဦးဝီရသူကို တိုင္တန္းတရားစြဲဆိုျခင္း ျဖစ္ေၾကာင္း တရားလိုျဖစ္သူ အေနာက္ပိုင္းခ႐ိုင္ဒုအေထြေထြအုပ္ခ်ဳပ္ေရးမႈး ဦးစန္းမင္းက တရားခြင္၌ ထြက္ဆိုသည္။

ဆရာေတာ္ဦးဝီရသူကို ႏုိင္ငံေတာ္အၾကည္ပ်က္ေစမႈပုဒ္မျဖင့္ အေနာက္ပိုင္းခရိုင္တရားရံုးတြင္ ဦးစန္းမင္းက တရားလိုျပဳလုပ္ တိုင္တန္းခဲ့ျခင္း ျဖစ္သည္။

ဆရာေတာ္ဦးဝီရသူ အမႈနင့္ပတ္သက္ၿပီး မ်က္ကြယ္အျဖစ္ တရားလိုကို ယေန႔ စတင္စစ္ေဆးခဲ့ရာ ၎က အထက္ပါအတိုင္း ထြက္ဆိုေၾကာင္း အဆိုပါ တရားခြင္သို္ ့ေရာက္႐ွိေနေသာ 7Day Daily သတင္းေထာက္က သတင္းေပးပို႔သည္။

ထို႔အျပင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ကလည္း ထပ္ဆင့္ တာဝန္ေပးၿပီး ၎ကိုယ္တိုင္က ျပည္သူ႔ဝန္ထမ္းတစ္ဦးအေနျဖင့္ တာဝန္ဝတၱရားမ်ားထမ္းေဆာင္သည့္အေနျဖင့္ တရား႐ုံး၌ တိုင္တန္းခဲ့ျခင္း ျဖစ္ေၾကာင္း ဦးစန္းမင္းက ထပ္မံထြက္ဆိုသည္။

ဆရာေတာ္ဦးဝီရသူကို တရားစြဲဆိုရန္ ႏိုင္ငံေတာ္သမၼတရံုးက ေမလ ၂၅ ရက္တြင္ အခြင့္အာဏာအပ္ႏွင္းသည့္ အမိန္႔စာကို ဖက္စ္ျဖင့္ ေပးပို႔ခဲ့သလို စာတိုက္မွ တဆင့္ စာအိတ္ျဖင့္လည္း ေပးပို႔ခဲ့ေၾကာင္း၎ က ထြက္ဆိုသည္။
သတင္း- ၿငိမ္းခ်မ္း

သမ္မတရုံး၏ တာဝန်ပေးချက်အရ ဆရာတော်ဦးဝီရသူကို တရားစွဲဆိုခြင်းဟု တရားလို ထွက်ဆို

နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက်အရ ဆရာတော်ဦးဝီရသူကို တိုင်တန်းတရားစွဲဆိုခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ အနောက်ပိုင်းခရိုင်ဒုအထွေထွေအုပ်ချုပ်ရေးမှုး ဦးစန်းမင်းက တရားခွင်၌ ထွက်ဆိုသည်။

ဆရာတော်ဦးဝီရသူကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် ဦးစန်းမင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ဆရာတော်ဦးဝီရသူ အမှုနင့်ပတ်သက်ပြီး မျက်ကွယ်အဖြစ် တရားလိုကို ယနေ့ စတင်စစ်ဆေးခဲ့ရာ ၎င်းက အထက်ပါအတိုင်း ထွက်ဆိုကြောင်း အဆိုပါ တရားခွင်သို့ရောက်ရှိနေသော 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ထပ်ဆင့် တာဝန်ပေးပြီး ၎င်းကိုယ်တိုင်က ပြည်သူ့ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ဝတ္တရားများထမ်းဆောင်သည့်အနေဖြင့် တရားရုံး၌ တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ဦးစန်းမင်းက ထပ်မံထွက်ဆိုသည်။

ဆရာတော်ဦးဝီရသူကို တရားစွဲဆိုရန် နိုင်ငံတော်သမ္မတရုံးက မေလ ၂၅ ရက်တွင် အခွင့်အာဏာအပ်နှင်းသည့် အမိန့်စာကို ဖက်စ်ဖြင့် ပေးပို့ခဲ့သလို စာတိုက်မှ တဆင့် စာအိတ်ဖြင့်လည်း ပေးပို့ခဲ့ကြောင်း၎င်း က ထွက်ဆိုသည်။
သတင်း- ငြိမ်းချမ်း