Daily Archives: June 18, 2019
သတင်း
သမ္မတရုံး၏ တာဝန်ပေးချက်အရ ဆရာတော်ဦးဝီရသူကို တရားစွဲဆိုခြင်းဟု တရားလို ထွက်ဆို
နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက်အရ ဆရာတော်ဦးဝီရသူကို တိုင်တန်းတရားစွဲဆိုခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ အနောက်ပိုင်းခရိုင်ဒုအထွေထွေအုပ်ချုပ်ရေးမှုး ဦးစန်းမင်းက တရားခွင်၌ ထွက်ဆိုသည်။ ဆရာတော်ဦးဝီရသူကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် ဦးစန်းမင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။ ဆရာတော်ဦးဝီရသူ အမှုနင့်ပတ်သက်ပြီး မျက်ကွယ်အဖြစ် တရားလိုကို ယနေ့ စတင်စစ်ဆေးခဲ့ရာ ၎င်းက အထက်ပါအတိုင်း ထွက်ဆိုကြောင်း အဆိုပါ တရားခွင်သို့် ရောက်ရှိနေသော 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ထပ်ဆင့် တာဝန်ပေးပြီး ၎င်းကိုယ်တိုင်က ပြည်သူ့ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ဝတ္တရားများထမ်းဆောင်သည့်အနေဖြင့် ...
သတင်း
သဟာယအင်တာနက်ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်သော ဆရာတော်၏ အစီအစဉ် (၇- နိဂုံး) 3.6.2019 တနင်္လာနေ့
မှတ်ထားပါ။ NLD အစိုးရက တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ရင် ၀ီရသူ NLD အစိုးရကို အပြည့်အ၀ထောက်ခံပါမယ်။ စစ်တပ်က တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်နေလို့ စစ်တပ်ကို ကျုပ်အပြည့်အ၀ ထောက်ခံနေတာ။ ဒါ ခင်ဗျားတို့ နားလည်ရမယ်။ အဲ့လိုပဲ ကိုယ်ကဖြင့် ဒီမိုကရေစီ စံမီအောင် မကျင့်ကြံနိုင်သေးဘူး။ စာအုပ်ကြီးက ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မညီလို့ဆိုပြီး စာအုပ်ကြီးကို ဇွတ်ပြင်နေတဲ့သူတွေလည်း သတိထား။ ခင်ဗျားတို့ တောက်ချိုးတွေကို အရင်ပြင်ကြ။ စာအုပ်ကြီးကို နောက်မှပြင်ကြ။ ခင်ဗျားတို့ တောက်ချိုးတော့ မပြင်ဘဲနဲ့ စာအုပ်ကြီးကို အပြစ်ပုံမချနဲ့။ ခင်ဗျားတို့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း
သတင်း
အရှင်ဝီရသူ၏ မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲအစီအစဉ်
လာမည့် ဇွန်လ ၂၆ရက်​​​နေ့တွင်​ကျ​ရောက်​မည့်​ ဝံသာနုဓမ္မကထိက အမျိုးသား​ရေးဝါဒီဆရာ​တော်​ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်​ဝီရသူ(မစိုးရိမ်​)၏ သက်ေ​တာ်​ ၅၁နှစ်​ပြည့်​ ​မွေးနေ့အထိမ်းအမှတ်​ စု​ပေါင်း​သွေးလှူဒါန်းပွဲကြီးကို ခါတိုင်းလို ဆရာ​တော်​ဘုရား၏ ​မွေးရပ်ဇာတိ ​ရွှေဆည်​​မြေ မိခင်စာသင်​တိုက်​မှာ မကျင်းပဖြစ်​​တော့ပါ။ မန္တလေးမြို့ ပြည်​သူ့​ဆေးရုံကြီး ​သွေးလှူဘဏ်​မှာပဲ ကျင်း​ပသွားပါ​တော့မည်​။ ရန်​ကုန်​မြို့ တပ်​မ​တော်​​ဆေးရုံမှာ​တော့ ပုံမှန်​ကျင်းပမြဲ ဆက်​လက်လှူဒါန်း​​​သွားပါ​မည်​။ သို့ဖြစ်​ပါ၍ ဒါနဥပပါရမီကုသိုလ်​အဖြစ်​ ​သွေးလှူဒါန်းလို​သော ပါရမီရှင်​အ​ပေါင်းနှင့်​ အမျိုး ဘာသာ သာသနာကို ချစ်​မြတ်နိုးကြကုန်​​သော ရဟန်းလူရှင်​ မည်​သူမဆို ပါဝင်​ကုသိုလ်​ယူနိုင်​ကြပါရန်​ လေးမြတ်​စွာ ပန်​ကြားအပ်​ပါသည်​။ ဝီရသူ​ဖောင်​​ဒေရှင်း (အ​သေးစိတ်​ ...