သတင်း

ဗုဒ္ဓဘာသာခံယူလိုသော မူဆလင်လူငယ်လေးတစ်ဦး

20.12.2017 ညနေ ၆း၀၀ နာရီမှာ စာရေးသူထံသို့ မူဆလင်လူငယ်လေးတစ်ယောက် ရောက်ရှိလို့လာပါတယ်။

ဗုဒ္ဓဘာသာခံယူလိုကြောင်း လျှောက်ထားတာကြာပါပြီ။
မန်း မဘသ ဝိုင်းတော်သားများလည်း အသေအချာစုံစမ်းပြီးပါပြီ။

မသမာတဲ့ရည်ရွယ်ချက်နဲ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုလို့ ဝင်ရောက်လာတာမျိုးဆိုရင် အမျိုးစောင့်ဥပဒေလေးခုထဲက ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေအရ အရေးယူနိုင်ကြောင်း ပြောတဲ့အခါလည်း သဘောတူပါတယ်။

အမှန်တကယ် ဗုဒ္ဓအရိပ်အာဝါသကို ခိုလှုံချင်လို့ လာရောက်လျှောက်ထားခြင်းပါ။

မိဘတွေက ခွင့်မပြုသော်လည်း မတားမြစ်ဖူးလို့ ဆိုပါတယ်။

မိဘနှင့်အိမ်ခွဲပြီး တစ်ကိုယ်ရေ အလုပ်ကြိုးစားနေတဲ့ လူငယ်လေးဖြစ်ပါတယ်။

သင်္ကြန်တွင်းမှာ ဒုလ္လဘရဟန်းခံဖို့လည်း စိတ်ကူးထားတယ်လို့ ပြောပါတယ်။

သြကာသဘုရားရှိခိုး၊ ငါးပါးသီလတောင်း၊ သရဏဂုံဆောက်တည်၊ ငါးပါးသီလခံယူ၊ ရှစ်ပါးသီလခံယူပုံတွေကို အလွတ်ဆိုပြသွားပါတယ်။

ညအိပ်ယာဝင် မနက်အိပ်ယာထ ဘုရားရှိခိုးကြောင်းလည်း လျှောက်ထားပါတယ်။

ဆယ်တန်းထိ ကျောင်းနေခဲ့ဖူးပြီး ကျောင်းသားတုန်းက သူများတွေ ဘုရားရှိခိုးတာကို ကြည့်ပြီး အလွတ်ရနေတာလို့ ဆိုပါတယ်။

အဲဒီကတည်းက ဘာသာရေးကိုင်းရှိုင်းတဲ့သူငယ်ချင်းတွေနဲ့ပဲ အပေါင်းအသင်းဖွဲ့ရင်း ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်နေသူဖြစ်ပါတယ်။

သူ့ကို ဆက်လက်လေ့လာဖို့ အချိန်ပေးထားပါတယ်။

ဗုဒ္ဓဘာသာတရားတော်(အခြေခံအဆင့်)စာအုပ်ပေးပြီး ဖတ်ခိုင်းလိုက်ပါတယ်။

အားလုံးဖတ်ပြီးတဲ့အခါ သြဝါဒခံယူဖို့ အပြန်အလှန်ဆွေးနွေးဖို့ ပြန်ချိန်းလိုက်ပါတယ်။

အဲ့ဒါပြီးရင်တော့ ဗုဒ္ဓဘာသာတရားတော်(အထက်တန်းအဆင့်)၊ ဗုဒ္ဓဘာသာတရားတော်(အဆင့်မြင့်)စာအုပ်နှစ်အုပ် ဆက်လက်လေ့လာခိုင်းပါဦးမယ်။

အားလုံးပြီးမှ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ဗုဒ္ဓဘာသာခံယူပွဲ ကျင်းပပေးမှာပါ။

ဒီလောက်ဆိုရင် ဗုဒ္ဓဘာသာဟာ မြန်မာပြည်မှာ အင်အားကြီးဘာသာဖြစ်တယ် တစ်ခြားဘာသာလေးတွေကို ကြီးစိုးလွှမ်းမိုးထားတယ်ဆိုတာမျိုး ဟုတ် မဟုတ် သိနိုင်လောက်ပါပြီ။

မလျော်သြဇာနဲ့ဖြစ်စေ ငွေကြေးလာဘ်လာဘနှင့်ပင်ဖြစ်စေ မသမာတဲ့နည်းလမ်းတွေနဲ့ ဘယ်သောအခါမှ မသိမ်းသွင်းပါဘူး။

အဲဒီလိုသိမ်းသွင်းနေတာကို ခံနေရလို့ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကို တောင်းဆိုခဲ့တာပါ။

လူသားအားလုံး ဘာသာဓားပြတိုက်ခြင်းမှ ကင်းဝေးကြပါစေ။
ဗုဒ္ဓအရိပ်အာဝါသအောက် ခိုလှုံလာသူအားလုံး ဗုဒ္ဓ၏ ဂုဏ်တော်တန်ခိုးတော်ကြောင့် အေးမြချမ်းသာ ရှိကြပါစေ။

ဝီရသူ(မစိုးရိမ်)
22.12.2017
PM 6:10