သတင်း





“ဘုရားအနေကဇာတင်ပွဲနှင့် ဗောဓိညောင်ပင်စိုက်ပျိုးပွဲ”

နတ္တော်လပြည့်ကျော် ၈ ရက် (30.12.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာဝိဇိတာရာမတိုက်၊ ကန်တော်မင်္ဂလာကျောင်းမှာ ကျင်းပပါတယ်။
ပြည်အေးရန်အောင် နဂါးကိုးကောင် ပြုံးတော်မူ ချမ်းသာပေး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပွဲမှာ အနေကဇာတင်ကြတာပါ။

၎င်းနောက် ဗုဒ္ဓဂါယာမှပင့်ဆောင်လာသော ဗောဓိညောင်ပင်ပျိုအား မင်္ဂလာရွှေအုတ်ငွေအုတ်များနှင့် နံ့သာရေများပူဇော်ကာ စိုက်ပျိုးကြပါတယ်။ အောင်မဟာမင်္ဂလာစည်တော်ကြီးအဖွဲ့ကလည်း အောင်စည်အောင်မောင်းတီးခတ်ပူဇော်ကြပါတယ်။ ဘုရားဒကာကတော့ ဗိုလ်မှူးအောင်ချမ်းမင်း(ငြိမ်း) မိသားစု ဖြစ်ပါတယ်။

ဗိုလ်မှူးအောင်ချမ်းမင်းမိသားစု အမျိုးဘာသာ သာသနာအကျိုး ဆထက်ထမ်းပိုးတိုး၍ သယ်ပိုးနိုင်ပါစေသတည်း…။