သတင်း

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၃)

4.5.2017 ရက်နေ့ မနက်ပိုင်းမှာ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ထွက်ခွါလာခဲ့ကြပါတယ်။ အလိုတော်ပြည့်ဆရာတော် ဦးမဏိသာရနှင့် မောင်းတောနယ်ခံ ဦးထွန်းမြင့်ဦးတို့ အစီအစဉ်နဲ့ မောင်းတောမြောက်ပိုင်းကို ပထမဦးဆုံး ရွေးချယ်လိုက်ကြပါတယ်။

ကျီးကန်းပြင်ဌာနချုပ်ကိုရောက်ပါတယ်။ ဌာနချုပ်မှ မြို့နယ်မှူးကို ညွှန်းကြားပုံရပါတယ်။ မြို့နယ်မှူးက သတင်းသမားများကို အပြင်မှာပဲဌားခဲ့ဖို့ စာရေးသူတို့ကို အရင်ဦးဆုံးလျှောက်ပါတယ်။ ပြီးမှ ကင်မရာမင်းများကို ဧည့်ဆောင်ထဲထိမဝင်ဖို့ မေတ္တာရပ်ခံပါတယ်။

စာရေးသူရဲ့ ကင်မရာမန်းတွေလည်း ဝင်ခွင့်မရတော့ပါ။ မာင်းတောနယ်ခံ သတင်းသမား ကင်မရာမန်းတွေလည်း ကားပေါ်မှာ ကျန်ခဲ့ပါတော့တယ်။ စာရေးသူတို့သံဃာတော်များနှင့် ဦးထွန်းမြင့်ဦးသာ ဧည့်ခန်းထဲဝင်ကြရပါတယ်။ နာက်မှ ရခိုင်လူငယ်အဖွဲ့ ကိုဖိုးသားရောက်လာပါတယ်။

ကျီးကန်းပြင်ကိုဝင်တဲ့ရည်ရွယ်ချက်ကတော့ ၂၀၁၆ အောက်တိုဘာအရေးအခင်းမှာ ကျဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင် တွေနှင့် ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုကို ထောက်ပံ့ဖို့ စာရင်းအတိအကျနှင့် နေရပ်လိပ်စာ စတာတွေကို လိုချင်လို့ပါ။ ကွပ်ကဲရေးမှူးကြီး သူရဦးစန်းလွင်က ဦးဆောင်လျှောက်ထားပါတယ်။ အရေးအခင်းကာလ ဖြစ်စဉ်များကိုလည်း ရှင်းပြပါတယ်။

ကျဆုံးဒဏ်ရာရသူများကို သူကိုယ်တိုင်ဦးစီးပြီး လှူဒါန်းငွေများ အရောက်ပို့ပေးမယ်လို့လည်း တာဝန်ယူပါတယ်။ ဒါကြောင့် ကျဆုံးရဲတပ်ဖွဲ့ဝင် ကိုးဦး ဒဏ်ရာရသူ ရဲတပ်ဖွဲ့ဝင်ငါးဦး စုစုပေါင်း ၁၄ ဦးကို တစ်ဦးလျင် နှစ်သိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။

မန်း မ.ဘ.သ အဖွဲ့ ကိုယ်စား လှူဒါန်းတာပါ။ မန်း မ.ဘ.သ အဖွဲ့က ရခိုင်ပြည်နဲ့ပတ်သက်လို့ ခေါင်းစဉ်တစ်ခုဖွင့်ပြီး မ-တည်ဒါန်း အလှူခံထားတာ သိန်း ၄၀ ကျော်ရှိပါတယ်။ အဲဒီထဲက ၂၈ သိန်းလှူဒါန်းလိုက်တာပါ။ ငွေသားပါမလာလို့ မန်း မ.ဘ.သ အဖွဲ့က ဘဏ်မှတစ်ဆင့် ချက်ချင်း ငွေလွှဲလှူလိုက်ပါတယ်။

အလိုတော်ပြည့်ဆရာတော်ဦးမဏိသာရက မောင်းတောမြောက်ပိုင်းမှာ ဆင်းဆင်းရဲရဲ ခက်ခက်ခဲခဲ တာဝန်ထမ်းဆောင်နေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့ အကြံပြုတာကြောင့် ကွပ်ကဲရေးမှူးကြီးနှင့် ညှိကြပါတယ်။ ဆန်နှင့်ငါးခြောက်လှူဒါန်းမည့်အကြောင်း ရောက်လာလျင် ခွဲဝေလှူဒါန်းပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။

ညီတူမျှတူ ခွဲဝေပေးမည့်အကြောင်း ကတိပေးပါတယ်။ သူရဦးစန်းလွင်ကို ကြုံတုန်းကြုံခိုက် သြဝါဒစကားတစ်ခွန်းပြောကြားခဲ့ပါတယ်။ ဒကာကြီးက သူရဘွဲ့ရထားတယ်ဆိုလို့ ပြောရဦးမယ် အာင်ကိုကြီးလိုတော့ မဖြစ်စေနဲ့ဗျာ။