မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း





“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း မနက်စာအာဟာရအလှူ”

ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက် (5.8.2018) ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုတော်ကြီးအနီး ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။ ကြာဇံကြော် ဆက်ကပ်တာပါ။

ဆရာတော်များ၊ သီလရှင်ဆရာလေးများအား ဦးစွာဆက်ကပ်ပြီးမှ အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားလေးများ ဆရာ ဆရာမများအား မနက်စာ ကြာဇံကြော်ကျွေးမွေးပါတယ်။

အလှူရှင်ကတော့ မန္တလေးမြို့မှ ဦးရဲထွန်း(မန်း မဟော်သဓာကားဆရာ)ဖြစ်ပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတက်နေသော သမီးဖြစ်သူ ဆယ်တန်းကျောင်းသူ မဆုသဉ္ဇာ မွေးနေ့အလှူဖြစ်ပါတယ်။