သတင်း
“မပြီးဆုံးသေးသော အောင်ပွဲ”
၎.၁၀.၁၅ ရက်နေ့က မှတ်မှတ်ရရ ဆရာတော်ကြီးပြောသွားတဲ့စကား
“ပြိုင်ပွဲဝင်ကဗျာများ (၁၇)”
“ရွာမဆရာတော်ဘုရားကြီး အစပြု
ရဟန်းရှင်လူ ပြည်သူလူထုကြီးလည်း အပါအဝင်
အားလုံးအားအင်အပြည့်နဲ့ စုရုံး
ဒီလိုအောင်ပွဲ အပြုံးများ
နောင်အခါ မြင်နိုင်ပါဦးမည်လား..။”
မြန်မာသာမက ကမ္ဘာကတောင်ဦးညွတ်ရတဲ့
ဆရာတော်ကြီးစဉ်းစားမိသည် ထင်ရဲ့
၄.၁၀.၁၅ ရက်နေ့က မှတ်မှတ်ရရ ဆရာတော်ကြီးပြောသွားတဲ့စကား
Union of Iran ရဲ့ Religion အစစ်က
Islamic Official အဖြစ်နဲ့ ရပ်တည်ကာ အုပ်စိုး
ပါရှန်-ကတ်-ဘလူချီ-လား လူမျိုးတို့အား
ဆရာတော်ကြီး မှတ်ကျောက်တင်ပြသွားခဲ့တယ်။
ပါကစ္စတန် မလေးရှား ဥပဒေမူကြမ်းမှာ
ဦးတည်ရာက တစ်ဦးတည်းအဖြစ်
နိုင်ငံရေး ဘာသာရေးပိုင်းမှာ ရွေးချယ်ဆန်းစစ်ကြတယ်
ကျန်တဲ့အရေးတွေက စနစ်သစ်ရဲ့နောက်ယောင်ခံတွေပဲ
အားလုံး အဟောင်မခံ သွေးမကွဲဖို့ စွန်ဘီလုံးတို့စုံတွဲနဲ့
ဆရာတော်ကြီး ဥပမာဖွဲ့ဆိုပြခဲ့တယ်…။
အဲဒီအောင်ပွဲကြီးမှစတင်လိုက်တဲ့ အင်အားနဲ့စိတ်ဓာတ်
ဒီကနေ့အမျိုးသားရေးဆရာတော်ရဲ့ ရွှေရတုအထိမ်းအမှတ်မှာလည်း
တထောင့်တနေရာက ပါဝင်ရိုက်ခတ်ရင်း
ထွန်းလင်းနေမှာ အသေအချာပါပဲ…။
တကယ်တမ်း ဆရာတော်ပွဲကြမ်းခဲ့တာတွေက
မြန်မာပြည်ဖွား တိုင်းရင်းသားများအတွက်
အမျိုးချစ်စိတ်သက်သက်တစ်ခုတည်းပဲ
တမူထူးကဲတဲ့စိတ်ဓာတ်က ဘာဆိုဘာမှ ဆရာတော်မကြောက်တတ်တာလည်း အပါအဝင်ပေါ့။
လျော့နွမ်းလာတဲ့ ဗုဒ္ဓသာသနာတော်လမ်းမှာ ဆရာတော်ထမ်းရွက်ချက်က
တည်ကြည်ပြတ်သားတဲ့နှလုံးသားကို ကိုင်စွဲ
ရဲရင့်တဲ့အပြောအဆိုတွေ ဖြန့်ကျဲလို့
ယဉ်ပါးတဲ့အခတ်အခဲတွေလည်း များနေပါစေ
အသည်းကြားကဓမ္မဓားနဲ့ ပိုင်းဖြတ်ပြီး
သမိုင်းအသစ်အဆက်ဆက်တွေ ရေးထိုးနေတယ်ဆိုတာပါပဲ…။
အရှင်သုစိတ္တ(ဓမ္မရံသီ)