သတင္း

မန္း မဘသ ေရေဘးအလွဴေတာ္

ဒုတိယဝါဆိုလျပည့္ေက်ာ္ ၇ ရက္ (3.8.2018)ရက္ေန႔၊ ညေန ၆း၀၀ နာရီ၊ မြန္ျပည္နယ္၊ ဘီးလင္းၿမဳိ႕၊ ဗိုလ္ေတဇရပ္ကြက္၊ စစ္ကိုင္းပရိယတၱိစာသင္တုိက္မွာ က်င္းပပါတယ္။

မန္း မဘသ ဦးေဆာင္ဆရာေတာ္မ်ား၊ သံဃာေတာ္မ်ား၊ မ်ဳိးခ်စ္ေမာင္မယ္မ်ားႏွင့္ စစ္ကိုင္းစာသင္တုိက္ဆရာေတာ္ႀကီး၊ စာခ်ဆရာေတာ္ေလးမ်ား၊ ေရေဘးသင့္ျပည္သူမ်ား တက္ေရာက္ၾကပါတယ္။

က်ဳိက္ထိုၿမဳိ႕ ခမရ ၂ မွ တပ္မေတာ္သားအရာရွိႀကီးႏွင့္အတူ တပ္မေတာ္သားမ်ားလည္း တက္ေရာက္ၾကပါတယ္။

အခမ္းအနားမွာ မန္း မဘသ အတြင္းေရးမွဴးခ်ဳပ္ဆရာေတာ္ ဘဒၵႏၲကုသလ (ပါဠိပါရဂူ)က ငါးပါးသီလခ်ီးျမႇင့္ၿပီး ၾသဝါဒေပးကာ မန္း မဘသ ဒုတိယအတြင္းေရးမွဴးခ်ဳပ္ဆရာေတာ္ ဘဒၵႏၲပညာသာမိက ေရေဘးအလွဴျဖစ္ေျမာက္ပုံေလးရွင္းျပကာ နိရုတၱိဆရာေတာ္ ဘဒၵႏၲဣႏၵာစကၠာဘိဝံသက အားေပးစကား ေျပာၾကားပါတယ္။

စာေရးသူက နေမာတႆ အက်ဳိးေက်းဇူးေဟာၾကားကာ သတိရတုိင္း ရြတ္ဖတ္ပူေဇာ္ဖုိ႔ တုိက္တြန္းခဲ့ပါတယ္။

ေရေဘးသင့္ျပည္သူမ်ားကို ကူညီရင္း ေသဆံုးခဲ့ရေသာ တပ္မေတာ္သားသံုးဦး၏ မိသားစုမ်ားကို ဝမ္းနည္းေၾကာင္းသဝဏ္လႊာ ေပးအပ္ကာ စာေရးသူက တစ္သိန္းက်ပ္စီ၊ မန္း မဘသ က တစ္သိန္းက်ပ္စီ၊ စုစုေပါင္း ေျခာက္သိန္းက်ပ္ လွဴဒါန္းခဲ့ပါတယ္။

နေမာတႆရြတ္ပြားပါ၊ ေဘးရန္ကင္းလို႔ခ်မ္းသာမွာ၊
ေဘးကင္းလံုၿခဳံျပည့္စုံဖုိ႔ နေမာတႆရြတ္ၾကစုိ႔။

မန်း မဘသ ရေဘေးအလှူတော်

ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက် (3.8.2018)ရက်နေ့၊ ညနေ ၆း၀၀ နာရီ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ စစ်ကိုင်းပရိယတ္တိစာသင်တိုက်မှာ ကျင်းပပါတယ်။

မန်း မဘသ ဦးဆောင်ဆရာတော်များ၊ သံဃာတော်များ၊ မျိုးချစ်မောင်မယ်များနှင့် စစ်ကိုင်းစာသင်တိုက်ဆရာတော်ကြီး၊ စာချဆရာတော်လေးများ၊ ရေဘေးသင့်ပြည်သူများ တက်ရောက်ကြပါတယ်။

ကျိုက်ထိုမြို့ ခမရ ၂ မှ တပ်မတော်သားအရာရှိကြီးနှင့်အတူ တပ်မတော်သားများလည်း တက်ရောက်ကြပါတယ်။

အခမ်းအနားမှာ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)က ငါးပါးသီလချီးမြှင့်ပြီး သြဝါဒပေးကာ မန်း မဘသ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိက ရေဘေးအလှူဖြစ်မြောက်ပုံလေးရှင်းပြကာ နိရုတ္တိဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသက အားပေးစကား ပြောကြားပါတယ်။

စာရေးသူက နမောတဿ အကျိုးကျေးဇူးဟောကြားကာ သတိရတိုင်း ရွတ်ဖတ်ပူဇော်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူများကို ကူညီရင်း သေဆုံးခဲ့ရသော တပ်မတော်သားသုံးဦး၏ မိသားစုများကို ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးအပ်ကာ စာရေးသူက တစ်သိန်းကျပ်စီ၊ မန်း မဘသ က တစ်သိန်းကျပ်စီ၊ စုစုပေါင်း ခြောက်သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။

နမောတဿရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ချမ်းသာမှာ၊
ဘေးကင်းလုံခြုံပြည့်စုံဖို့ နမောတဿရွတ်ကြစို့။