မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း




မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်း ဆရာတော်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ စုပေါင်းဓာတ်ပုံလေးပါ။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ အလယ်တန်း၊ အထက်တန်း ကျောင်းသူကျောင်းသားများ (၁၃၆)ဦး၊ ဆရာ ဆရာမ (၂၃)ဦး ရှိပါတယ်။ မနက် ၅း၀၀ နာရီ ဘုရားဝတ်တက်ချိန်မှ ည ၁၀း၃၀ နာရီ စာကျက်ဝိုင်းဆင်းတဲ့အချိန်ထိ ပုံမှန်စာကြိုးစားကြရပါတယ်။