မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းဖြင့္ပြဲ (၃)

ေတာ္သလင္းလဆန္း ၁၄ ရက္ (23.9.2018)ရက္ေန႔၊ မနက္ ၁၀း၀၀ နာရီမွာ အခမ္းအနားစတင္ပါတယ္။ မန္းမဘသအတြင္းေရးမွဴးခ်ဳပ္ ပါဠိပါရဂူဆရာေတာ္ႀကီး ဘဒၵႏၲကုသလက ငါးပါးသီလခ်ီးျမႇင့္ပါတယ္။

စစ္ကိုင္းတုိင္း၊ ဘကဥကၠ႒ ေရႊသမားေက်ာင္းဆရာေတာ္ ဘဒၵႏၲေကာသလႅာဘိဝံသ၊ ေအာင္ေျမဦး ဘကေက်ာင္းဆရာေတာ္ ဘဒၵႏၲဝိလာသ၊ သုခကာရီနာယကဆရာေတာ္ ဘဒၵႏၲဓမၼပီယ၊ မန္းမဘသနာယကဆရာေတာ္ ဘဒၵႏၲဝိစာရ၊ မန္းမဘသ ဒုတိယအတြင္းေရးမွဴးခ်ဳပ္ဆရာေတာ္ ဘဒၵႏၲပညာသာမိ၊ ဓမၼေစတီေက်ာင္းတုိက္ ခန္းေနဆရာေတာ္ ဘဒၵႏၲသုမနာလကၤာရတို႔က အသီးသီးၾသဝါဒေပးၾကပါတယ္။

စာေရးသူက ပညာေရးအကယ္ဒမီေက်ာင္းေလးေပၚေပါက္လာပုံကို ေလွ်က္ထားတင္ျပပါတယ္။
ဆရာ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ားအား ေက်ာင္းဝတ္စံုမ်ား ေပးအပ္လွဴဒါန္းအၿပီးမွာ ေန႔ဆြမ္းဆက္ကပ္ပါတယ္။ ၁၁း၃၀ နာရီမွ အခမ္းအနားၿပီးတာပါ။ အမ်ဳိးသားေရး ညီေတာ္ေနာင္ေတာ္မ်ား အေဝးႀကီးမွ လာေရာက္ခ်ီးေျမႇာက္ၾကတာ ဝမ္းသာစရာေကာင္းသလုိ ေက်းဇူးတင္စရာလည္း ေကာင္းပါတယ္။

စာေရးသူကေတာ့ ေထရ္ႀကီးဝါႀကီး ၁၀ ပါးကိုပဲ သကၤန္းျခင္းႏွင့္ နဝကမၼ ႏွစ္ေသာင္းက်ပ္စီ လွဴဒါန္းႏုိင္ခဲ့ပါတယ္။ ပင့္သံဃာအားလံုးကုိ မလွဴဒါန္းႏိုင္ခဲ့တာေတာ့ စိတ္မေကာင္းပါဘူး။ ဒါေတာင္ အရုဏ္ဆြမ္းက ပါဠိပါရဂူဆရာေတာ္ႀကီး ဦးကုသလ၊ ေရခဲမုန္႔၊ ကိတ္မုန္႔က ဦးမုိးကို+ေဒၚခုိင္မာဝင္း မိသားစု၊ ဒိန္ခ်ဥ္က ကိုခင္ေမာင္ခ်င္းမိသားစုတုိ႔ရဲ႕အလွဴပါ။ စာေရးသူက ပရိသတ္ (၃၅၀)စာအတြက္ ေန႔ဆြမ္း ခဲဖြယ္ လွဴဒါန္းႏိုင္ခဲ့ပါတယ္။

ေက်ာင္းဝတ္စံု ႏွစ္စုံစီေပးရာမွာ အက်ႌတစ္ထည္စီက ဦးမိုးကိုမိသားစုအလွဴပါ။ လံုခ်ည္တစ္ထည္စီက အထည္ဆုိင္မိသားစုရဲ႕အလွဴပါ။ က်န္တစ္စုံက စာေရးသူရဲ႕အလွဴျဖစ္ပါတယ္။ ဆရာ ဆရာမေတြအတြက္ ႏွစ္စံုစီကလည္း စာေရးသူရဲ႕အလွဴပါပဲ။ ခရိုနီေတြေက်ာေထာက္ေနာက္ခံရွိတယ္လို႔ နာမည္ႀကီးတဲ့ ဝီရသူကေတာ့ နာမည္ႀကီးထမင္းငတ္ပါဗ်ာ။ ေခၽြးႏွဲစာေလးနဲ႔ တစ္ပိုင္တစ္ႏိုင္ အလုပ္လုပ္ေနရတာပါဗ်ာ။

“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲ (၃)”

တော်သလင်းလဆန်း ၁၄ ရက် (23.9.2018)ရက်နေ့၊ မနက် ၁၀း၀၀ နာရီမှာ အခမ်းအနားစတင်ပါတယ်။ မန်းမဘသအတွင်းရေးမှူးချုပ် ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလက ငါးပါးသီလချီးမြှင့်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဘကဥက္ကဋ္ဌ ရွှေသမားကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လာဘိဝံသ၊ အောင်မြေဦး ဘကကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသ၊ သုခကာရီနာယကဆရာတော် ဘဒ္ဒန္တဓမ္မပီယ၊ မန်းမဘသနာယကဆရာတော် ဘဒ္ဒန္တဝိစာရ၊ မန်းမဘသ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ ဓမ္မစေတီကျောင်းတိုက် ခန်းနေဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရတို့က အသီးသီးသြဝါဒပေးကြပါတယ်။

စာရေးသူက ပညာရေးအကယ်ဒမီကျောင်းလေးပေါ်ပေါက်လာပုံကို လျှေက်ထားတင်ပြပါတယ်။
ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းအပြီးမှာ နေ့ဆွမ်းဆက်ကပ်ပါတယ်။ ၁၁း၃၀ နာရီမှ အခမ်းအနားပြီးတာပါ။ အမျိုးသားရေး ညီတော်နောင်တော်များ အဝေးကြီးမှ လာရောက်ချီးမြှောက်ကြတာ ဝမ်းသာစရာကောင်းသလို ကျေးဇူးတင်စရာလည်း ကောင်းပါတယ်။

စာရေးသူကတော့ ထေရ်ကြီးဝါကြီး ၁၀ ပါးကိုပဲ သင်္ကန်းခြင်းနှင့် နဝကမ္မ နှစ်သောင်းကျပ်စီ လှူဒါန်းနိုင်ခဲ့ပါတယ်။ ပင့်သံဃာအားလုံးကို မလှူဒါန်းနိုင်ခဲ့တာတော့ စိတ်မကောင်းပါဘူး။
ဒါတောင် အရုဏ်ဆွမ်းက ပါဠိပါရဂူဆရာတော်ကြီး ဦးကုသလ၊ ရေခဲမုန့်၊ ကိတ်မုန့်က ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစု၊ ဒိန်ချဉ်က ကိုခင်မောင်ချင်းမိသားစုတို့ရဲ့အလှူပါ။ စာရေးသူက ပရိသတ် (၃၅၀)စာအတွက် နေ့ဆွမ်း ခဲဖွယ် လှူဒါန်းနိုင်ခဲ့ပါတယ်။

ကျောင်းဝတ်စုံ နှစ်စုံစီပေးရာမှာ အင်္ကျီတစ်ထည်စီက ဦးမိုးကိုမိသားစုအလှူပါ။ လုံချည်တစ်ထည်စီက အထည်ဆိုင်မိသားစုရဲ့အလှူပါ။ ကျန်တစ်စုံက စာရေးသူရဲ့အလှူဖြစ်ပါတယ်။ ဆရာ ဆရာမတွေအတွက် နှစ်စုံစီကလည်း စာရေးသူရဲ့အလှူပါပဲ။ ခရိုနီတွေကျောထောက်နောက်ခံရှိတယ်လို့ နာမည်ကြီးတဲ့ ဝီရသူကတော့ နာမည်ကြီးထမင်းငတ်ပါဗျာ။ ချွေးနှဲစာလေးနဲ့ တစ်ပိုင်တစ်နိုင် အလုပ်လုပ်နေရတာပါဗျာ။