သတင်း





“မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ”

တန်ဆောင်မုန်းလပြည်ကျော် ၃ ရက် (25.11.2018)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မရက္ခိတကျောင်းနှင့် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးတို့မှာ ကျင်းပပါတယ်။

၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပမှာပါ။ စာရေးသူက ဓမ္မမဟိဒ္ဓိကျောင်း မြေညီထပ်မှာ အစောင့်ကျပါတယ်။ စာချတန်း(သီလက္ခန်)နှင့် မူလတန်းတို့ ဖြေဆိုကြပါတယ်။

ဒီစာမေးပွဲက ဒီနှစ်အတွက် ဒုတိယအကြိမ်ကျင်းပတဲ့ပွဲပါ။ တပေါင်းလမှာ တတိယအကြိမ် ကျင်းပဦးမှာပါ။ မစိုးရိမ်တိုက်သစ်မှာ နှစ်စဉ် လေးလတစ်ကြိမ် စာမေးပွဲများ ကျင်းပလေ့ရှိပါတယ်။