သတင္း

အသုဘေတာင္မေရွာင္ အနီေတြအားေပးၾကမ္းပုံမ်ား

ရက္လည္ဆြမ္းေလးပါ။ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၂ ရက္ (24.11.2018)ရက္ေန႔၊ မနက္ ၇း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ခ်မ္းေအးသာစံၿမဳိ႕နယ္၊ ၂၆ ဘီလမ္း၊ ပြဲကုန္းလမ္းမတန္း၊ ရန္ႀကီးေအာင္ ျမပြဲရုံမွ ဦးမိုးေအာင္+ေဒၚစုစုေဇာ္ မိသားစု ေနအိမ္မွာ ဆက္ကပ္ပါတယ္။

စာေရးသူရဲ႕ ငယ္ဆရာ ေက်ာက္ဆည္ၿမဳိ႕၊ မင္းကုန္းမဟာစာသင္တုိက္ ပဓာနနာယကဆရာေတာ္ႀကီး ဘဒၵႏၲဇနိတာဘိဝံသ၊ မုိးေကာင္းေက်ာင္တုိက္၊ ေဇယ်သိန္ေက်ာင္းဆရာေတာ္ ဘဒၵႏၲရာဇိႏၵ၊ တုိက္ေတာ္ဆရာေတာ္ႀကီး အမွဴးျပဳေသာ ဆရာေတာ္သံဃာေတာ္မ်ား ၾကြေရာက္ခ်ီးေျမႇာက္ၾကပါတယ္။

ေလးႏွစ္သားအရြယ္ သားကေလး မုိးဟိန္းထြန္းႏွင့္ ဆယ္လသမီးအရြယ္ သမီးေလး ျခဴးျခဴးမုိးတုိ႔ 18.11.2018 ရက္ေန႔မွာ နာရီပဲျခားၿပီး ကြယ္လြန္သြားၾကတာ ဒီကေန႔ ရက္လည္ဆြမ္းကပ္ျခင္းပါပဲ။ မိခင္ႏွင့္ သားသမီးတုိ႔ ၁၇ ရက္ေန႔ည အန္တာျပဳတာ ေမာတာပန္းတာ ျဖစ္ခဲ့ၿပီး ၁၈ ရက္ေန႔မွာ မိခင္ကို အရင္ဆံုးေဆးရုံတင္ပါတယ္။

မိခင္ကို ေဆးရုံတင္ၿပီးကုသေနစဥ္ သားေလးက ကားထဲမွာပဲ ဆံုးသြားပါတယ္။ သမီေလးကို အေရးေပၚကုသေသာ္လည္း အခ်ိန္မမီေတာ့ပါ။ မိခင္ကိုလည္း အသိမေပးရဲဘဲ ကေလးႏွစ္ေယာက္အေလာင္းကို အိမ္မွာထားၿပီး လာသမွ်ပရိသတ္ေတြကို အက်ဳိးအေၾကာင္း ရွင္းျပေနရွာတဲ့ ကိုမိုးေအာင္ရဲ႕ဘဝ စာနာၾကည့္လုိ႔ရမွာပါ။

ဇနီးႏွင့္ သားသမီးေတြကို လုပ္ႀကံတယ္ထင္ၿပီး ေတာင္ေရးေျမာက္ေရး ေရးသားၾကလို႔ မႈခင္းဆရာဝန္က အေလာင္းေတာင္းၿပီး ေဆးစစ္ရတဲ့အထိကို ေရာက္ရွိသြားခဲ့တာပါ။ ေသာကသည္ကို မကူညီဘဲ ဒုကၡေပးၾကတဲ့ သတင္းသမားေတြႏွင့္ အြန္လုိင္းသမားေတြေပါ့ဗ်ာ။ အခုေတာ့ မိခင္လည္း ေဆးရုံကဆင္းလာပါၿပီး။

ခံႏိုင္ရည္ရွိပါတယ္။ မူးတာ ေမ့တာ လံုးဝ မျဖစ္ပါဘူး။ ကိုမိုးေအာင္ဆုိတာ စာေရးသူတည္ေထာင္ထားတဲ့ ေလာကအလင္းပညာဒါနစာသင္ေက်ာင္းရဲ႕ ေက်ာင္းအုပ္ဆရာေလး ျဖစ္ပါတယ္။
စာေရးသူႏွင့္တြဲၿပီး ပရဟိတလုပ္လာတာ ၇ ႏွစ္ရွိပါၿပီဗ်ာ။

ဇနီးက ၾကည္ျဖဴေပမယ့္ ဇနီးရဲ႕မိသားစုကေတာ့ စာေရးသူကို အမဲျဖတ္ခ်င္ေလာက္ေအာင္ တအားနင္းခ်စ္ၾကတဲ့သူေတြေပါ့ဗ်ာ။ နာေရးလာတာေတာင္ မၾကည္တဲ့သူက အမ်ားသား။ အခ်ဳိ႕ ေတာက္ေတြေခါက္၊ အံေတြႀကိတ္၊ လက္သီးေတြဆုပ္ ခါးေတြေထာက္နဲ႔ အနီေတြအားေပးၾကမ္းပံုမ်ား ေျပာ မေျပာခ်င္ေတာ့ပါဘူးဗ်ာ။

“အသုဘတောင်မရှောင် အနီးတွေအားပေးကြမ်းပုံများ”

ရက်လည်ဆွမ်းလေးပါ။ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (24.11.2018)ရက်နေ့၊ မနက် ရး၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ ဘီလမ်း၊ ပွဲကုန်းလမ်းမတန်း၊ ရန်ကြီးအောင် မြပွဲရုံမှ ဦးမိုးအောင်+ဒေါ်စုစုဇော် မိသားစု နေအိမ်မှာ ဆက်ကပ်ပါတယ်။

စာရေးသူရဲ့ ငယ်ဆရာ ကျောက်ဆည်မြို့၊ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဇနိတာဘိဝံသ၊ မိုးကောင်းကျောင်တိုက်၊ ဇေယျသိန်ကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒ၊ တိုက်တော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။

လေးနှစ်သားအရွယ် သားကလေး မိုးဟိန်းထွန်းနှင့် ဆယ်လသမီးအရွယ် သမီးလေး ခြူးခြူးမိုးတို့ 18.11.2018 ရက်နေ့မှာ နာရီပဲခြားပြီး ကွယ်လွန်သွားကြတာ ဒီကနေ့ ရက်လည်ဆွမ်းကပ်ခြင်းပါပဲ။

မိခင်နှင့် သားသမီးတို့ ၁၇ ရက်နေ့ည အန်တာပြုတာ မောတာပန်းတာ ဖြစ်ခဲ့ပြီး ၁၈ ရက်နေ့မှာ မိခင်ကို အရင်ဆုံးဆေးရုံတင်ပါတယ်။ မိခင်ကို ဆေးရုံတင်ပြီးကုသနေစဉ် သားလေးက ကားထဲမှာပဲ ဆုံးသွားပါတယ်။ သမီလေးကို အရေးပေါ်ကုသသော်လည်း အချိန်မမီတော့ပါ။

မိခင်ကိုလည်း အသိမပေးရဲဘဲ ကလေးနှစ်ယောက်အလောင်းကို အိမ်မှာထားပြီး လာသမျှပရိသတ်တွေကို အကျိုးအကြောင်း ရှင်းပြနေရှာတဲ့ ကိုမိုးအောင်ရဲ့ဘဝ စာနာကြည့်လို့ရမှာပါ။
ဇနီးနှင့် သားသမီးတွေကို လုပ်ကြံတယ်ထင်ပြီး တောင်ရေးမြောက်ရေး ရေးသားကြလို့ မှုခင်းဆရာဝန်က အလောင်းတောင်းပြီး ဆေးစစ်ရတဲ့အထိကို ရောက်ရှိသွားခဲ့တာပါ။

သောကသည်ကို မကူညီဘဲ ဒုက္ခပေးကြတဲ့ သတင်းသမားတွေနှင့် အွန်လိုင်းသမားတွေပေါ့ဗျာ။
အခုတော့ မိခင်လည်း ဆေးရုံကဆင်းလာပါပြီး။ ခံနိုင်ရည်ရှိပါတယ်။ မူးတာ မေ့တာ လုံးဝ မဖြစ်ပါဘူး။ ကိုမိုးအောင်ဆိုတာ စာရေးသူတည်ထောင်ထားတဲ့ လောကအလင်းပညာဒါနစာသင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာလေး ဖြစ်ပါတယ်။

စာရေးသူနှင့်တွဲပြီး ပရဟိတလုပ်လာတာ ၇ နှစ်ရှိပါပြီဗျာ။ ဇနီးက ကြည်ဖြူပေမယ့် ဇနီးရဲ့မိသားစုကတော့ စာရေးသူကို အမဲဖြတ်ချင်လောက်အောင် တအားနင်းချစ်ကြတဲ့သူတွေပေါ့ဗျာ။
နာရေးလာတာတောင် မကြည်တဲ့သူက အများသား။ အချို့ တောက်တွေခေါက်၊ အံတွေကြိတ်၊ လက်သီးတွေဆုပ် ခါးတွေထောက်နဲ့ အနီတွေအားပေးကြမ်းပုံများ ပြော မပြောချင်တော့ပါဘူးဗျာ။