သတင်း
“၂၀၁၈ သတ္တဝီသတိမ ဓမ္မသဘင် (ပြည်ကြီးတံခွန်း-ဆရပ်ကွက်)”
တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက် (26.11.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်၊ ကန်ဝန်မင်းကြီးကျောင်းတိုက်၊ ရန်အောင်မြင်စေတီ(ဂျပန်)ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်။
၂၇ ခုမြောက် တရားပွဲပါ။ နဂါးနီစုဘူး စတင်တည်ထောင်ရာရပ်ကွက်ဖြစ်လို့ နဂါးနီရပ်ကွက်လို့ သတ်မှတ်ထားပေမယ့် နဂါးနီစုဘူးအသင်းသူ/သားတွေက ငွေကြေးတင် မွဲကြတာမဟုတ်ဘဲ စေတနာသဒ္ဓါတရားပါ မွဲကြတာဖြစ်လို့ တရားပွဲလေးတောင် အားခဲမနာနိုင်ကြပါဘူးဗျာ။
ဒီကတော့ ဆင်းရဲသူဆင်းရဲသားတွေ အကျိုးရှိရာရှိကြောင်း နမောတဿတရားလေး ဟောကြားမယ်ဆိုပြီး ပြင်ဆင်သွားလိုက်တာ ဟိုကျတော့ ကိုယ့်အမျိုးတွေက လေးငါးဆယ်ယောက်ပဲရှိတယ်ဗျ။ ကလေးသေးသေးလေးတွေနဲ့ တရားနာပရိသတ်တွေကိုပဲ အထူးတလည်ဟောကြားခဲ့ရပါတယ်ဗျာ။
ဒီရပ်ကွက်မှာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ သိန်း(၁၀၀) မ တည်ပြီး စုဘူးထောင်ပေးထားတာ အခုဆို မိသားစုပေါင်း တစ်ရာကျော် စီးပွားရေးချောင်လည်နေကြပါပြီဗျာ။ တရားပွဲကုသိုလ်ရှင်ကတော့ နဂါးနီစုဘူးအသင်းခေါင်းဆောင် ဦးလှိုင်ထွန်း+ဒေါ်ဖြူဖြူသန့် မိသားစု ဖြစ်ပါတယ်။
နမောတဿရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ ချမ်းသာမှာ။ ဘေးကင်းလုံခြုံပြည့်စုံဖို့၊ နမောတဿရွတ်ကြစို့။