မန်းမဟော်သဓာသတင်း





“မန်းမဟော်သဓာ အောင်ရမည် (၂)”

တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက် (25.11.2018)ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန်းမဟော်သဓာ စုံညီအစည်းအဝေးကြီး စတင်နိုင်ခဲ့ပါပြီ။ ကျောင်းသားကျောင်းသူများ၊ မိဘဆရာများ၊ ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ ဧည့်ပရိသတ်များ စုံစုံလင်လင် တက်ရောက်ကြပါတယ်။

ဥက္ကဋ္ဌကြီးဒေါက်တာမြင့်ဦးက မိတ်ဆက်စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးမျိုးချစ်က ရှင်းလင်းတင်ပြကာ တရားလွှတ်တော်ရှေ့နေကြီး ဦးဇော်ဝိတ်က ပြန်လည်ဆွေးနွေးပါတယ်။

ဆရာတော်ဦးဝီရသူက အခမ်းအနားအပြီးမှာ သတင်းမီဒီယာတွေမေးမြန်တာကို ထပ်မံဖြေကြားပေးပါတယ်။ ဒီကျောင်းတော်ကြီးနေရာမှာ မူဆလင်တွေက အာရဗီကျောင်းဆောက်မယ်ဆိုရင် ဒီအစိုးရက ဖဲကြိုးဖြတ်ပြီးတောင် ဖွင့်လှစ်ပေးဦးမှာပါ။ လက်ခုပ်သြဘာမြိုင်သွားတဲ့စကားလုံးလေးပါ။