မန်းမဟော်သဓာသတင်း





“မန်းမဟော်သဓာ အောင်ရမည် (၁)”

တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (24.11.2018)ရက်နေ့မှာ မန်းမဟော်သဓာတည်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောရွာသို့ ရောက်ရှိခဲ့ပါတယ်။ ၂၅ ရက်နေ့မှာကျင်းပမယ့် စုံညီအစည်းအဝေးအတွက် အကြိုအစည်းအဝေးထိုင်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ မဟော်သဓာပညာရေးခေါင်းစဉ်အောက်မှာ ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်းဖွင့်လှစ်ထားပါတယ်။ ကိုးတန်း ဆယ်တန်း ကျောင်းသား/သူ တစ်ရာကျော်ရှိပါတယ်။ နေ့ရောညပါ သင်ကြားပေးနေပါတယ်။ ကိုယ်ပိုင်အထက်တန်းကျောင်းများ ပညာရေးဘော်ဒါဆောင်များမှ ဆရာ/မများ၊ လက်ရှိ အလယ်တန်း အထက်တန်း ကျောင်းအုပ်များ၊ အငြိမ်းစား ဆရာ/မကြီးများ၊ ကထိက၊ လက်ထောက်ကထိကများဖြင့် အဆင့်မြင့်မြင့် သင်ကြားပေးနေတာပါ။

ဒီကနေ့တော့ ညနေ ၄း၀၀ နာရီမှ ၅း၀၀ နာရီ ကိုးတန်း Guide Time အချိန်နှင့် ၅း၀၀ နာရီမှ ၆း၀၀ နာရီ ဆယ်တန်း Guide Time အချိန်တွေမှာ ကလေးတွေ လုပ်အားပေးနေကြတာပါ။
နောက်တစ်နေ့ဆိုရင် အခမ်းအနားကျင်းပပါတော့မယ်။