Daily Archives: November 25, 2018

မန်းမဟော်သဓာသတင်း


တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက် (25.11.2018)ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန်းမဟော်သဓာ စုံညီအစည်းအဝေးကြီး စတင်နိုင်ခဲ့ပါပြီ။ ကျောင်းသားကျောင်းသူများ၊ မိဘဆရာများ၊ ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ ဧည့်ပရိသတ်များ စုံစုံလင်လင် တက်ရောက်ကြပါတယ်။ ဥက္ကဋ္ဌကြီးဒေါက်တာမြင့်ဦးက မိတ်ဆက်စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးမျိုးချစ်က ရှင်းလင်းတင်ပြကာ တရားလွှတ်တော်ရှေ့နေကြီး ဦးဇော်ဝိတ်က ပြန်လည်ဆွေးနွေးပါတယ်။ ဆရာတော်ဦးဝီရသူက အခမ်းအနားအပြီးမှာ သတင်းမီဒီယာတွေမေးမြန်တာကို ထပ်မံဖြေကြားပေးပါတယ်။ ဒီကျောင်းတော်ကြီးနေရာမှာ မူဆလင်တွေက အာရဗီကျောင်းဆောက်မယ်ဆိုရင် ဒီအစိုးရက ဖဲကြိုးဖြတ်ပြီးတောင် ဖွင့်လှစ်ပေးဦးမှာပါ။ လက်ခုပ်သြဘာမြိုင်သွားတဲ့စကားလုံးလေးပါ။ “မန်းမဟော်သဓာ အောင်ရမည် (၂)” တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက် (25.11.2018)ရက်နေ့၊ မနက် ...
မန်းမဟော်သဓာသတင်း

မန်းမဟော်သဓာ အောင်ရမည် (၁)

တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (24.11.2018)ရက်နေ့မှာ မန်းမဟော်သဓာတည်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောရွာသို့ ရောက်ရှိခဲ့ပါတယ်။ ၂၅ ရက်နေ့မှာကျင်းပမယ့် စုံညီအစည်းအဝေးအတွက် အကြိုအစည်းအဝေးထိုင်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ မဟော်သဓာပညာရေးခေါင်းစဉ်အောက်မှာ ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်းဖွင့်လှစ်ထားပါတယ်။ ကိုးတန်း ဆယ်တန်း ကျောင်းသား/သူ တစ်ရာကျော်ရှိပါတယ်။ နေ့ရောညပါ သင်ကြားပေးနေပါတယ်။ ကိုယ်ပိုင်အထက်တန်းကျောင်းများ ပညာရေးဘော်ဒါဆောင်များမှ ဆရာ/မများ၊ လက်ရှိ အလယ်တန်း အထက်တန်း ကျောင်းအုပ်များ၊ အငြိမ်းစား ဆရာ/မကြီးများ၊ ကထိက၊ လက်ထောက်ကထိကများဖြင့် အဆင့်မြင့်မြင့် သင်ကြားပေးနေတာပါ။ ဒီကနေ့တော့ ညနေ ၄း၀၀ နာရီမှ ၅း၀၀ နာရီ ...