သတင်း





 

“နှစ်ဆန်းတစ်ရက်နေ့ သီလပွဲ”

ကဆုန်လဆန်း(၃)ရက်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့၊ (17.4.2018) ရက်နေ့၊ မနက်(၈း၀၀)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကုက္ကိုစုရပ်ကွက်၊ မဟာတေဇဓမ္မာရုံ သီလပွဲတရားလေးပါ။ သီလပွဲကုသိုလ်ရှင်က ဦးမောင်မှိအားရည်စူး၍ ဒေါ်မြင့်မြင့်သိန်း မိသားစု ဖြစ်ပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်လို့ မြန်မာနှစ်သစ်ကူးမှာ ဥပုသ်သီလမြဲကြဖို့နှင့် နိဗ္ဗာန်ရည်မှန်းပြီး ဥပုသ်စောင့်ခြင်းသည်သာ ဘုရားအလိုတော်ကျ ဥပုသ်စောင့်ခြင်းဖြစ်ကြောင်း၊ ဥပေါသထိကဣတ္ထိဝတ္ထုလာ ဥပုသ်စောင့်ခြင်း ရည်ရွယ်ချက်အမျိုးမျိုးကို ဟောကြားခဲ့ပါတယ်။