သတင်း

























 

 

“မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး စာအုပ် ထွက်ရှိပါပြီ (၆)”

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂါဘိဓဇ)အားရည်စူး၍ တပည့် ဒကာ ဒကာမများက (၁၅)နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို ၁၃၈၀ ပြည့်၊ ကဆုန်ဆန်း(၁၂)ရက်နေ့၊ 26.4.2018 ရက်နေ့မှာ ကျင်းပသွားမှာပါ။

ရပ်ဝေးမှသံဃာတော်များ ၁၁ ရက်နေ့ည အချိန်မီရောက်ရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (၁၅)နှစ်ပြည့် ပူဇော်ပွဲအခမ်းအနားမှာ လှူဒါန်းမှုအတွက် အထူးထုတ်စာစောင်ကြီးလည်း ပုံနှိပ်ထားပြီးပါပြီ။

အထူးထုတ်စာစောင်ကြီးမှာ ရေးသားကြသော ကဗျာရှင်၊ ဆောင်းပါးရှင်၊ စာမူရှင်အားလုံးကို နေ့စဉ်ကြေညာပေးသွားပါမည်။
ဒီကနေ့ ကြေညာမှာကတော့ သြဝါဒများနှင့် ဆောင်းပါးများပဲ ဖြစ်ပါတယ်။

(၄၁) မစိုးရိမ်စာသင်သားဘဝ – သာကီနွယ်(နတ်မောက်)
(၄၂) မစိုးရိမ်တိုက်သစ်ကြီး၏ ဗသုကာ – ဝိလာသ(ဝိဘဇ္ဇဝါဒီစာသင်တိုက်)
(၄၃) သက်ဝင်လှုပ်ရှား ပုံရိပ်တော်များ – အောင်မြိုင်(မစိုးရိမ်စာသင်သား)
(၄၄) ဆရာမြတ်ကား မပြတ်ကာလ ပူဇော်ရကြောင့် – ကုမုဒ(ဓမ္မဂါရဝ)
(၄၅) ဆရာတော်ကြီးနှင့်စပ်၍ မှတ်မိသမျှ – အရှင်ကုဝေရ
၄၆) (၁၅)နှစ်ပြည့် သံဝေဂအလွမ်း – ငမောက်(ရံသီ)
(၄၇) ဖော်ကျူးမကုန် ဆရာ့ဂုဏ် – ဇွဲပြည့်နိုင်
(၄၈) ခွန်အားဖြစ်စေခဲ့သော စကားတစ်ခွန်း – အရှင်ဇနကာဘိဝံသ
(၄၉) အတုယူထိုက်သည့် စံနမူနာ – အရှင်နာရဒ(ဟိုပင်)
(၅၀) ပြန်ပြောင်းသတိရခိုက် မစိုးရိမ်ကျောင်းတိုက် – အရှင်ကဝိပါလ(ဓမ္မယာန)
(၅၁) သာသနာ၏ ဘယာကင်းဝေး သန့်ရှင်းရေး – ဦးကျော်ကျော်သန်း(ရွှေဘို)
(၅၂) မှတ်တမ်းမရှိ လွမ်းမိသည့်နေ့ရက်များ အရှင်သဒ္ဓမ္မ(ရွှေဟင်္သာတိုက်သစ်)
(၅၃) တစ်ဆယ့်ငါးနှစ်ရဲ့ ဟိုဘက်အတိတ် – အညတရထေရ်ရှင်
(၅၄) ဆရာတော်နှင့် ရူပသိဒ္ဓိစာဝါ – အရှင်ဣန္ဒာစက္ကာဘိဝံ
(၅၅) လောကဝတ်လူမှုရေးကို မငဲ့ကွက် ဓမ္မကိုသာငဲ့သည့်ဆရာတော်ကြီး – ဓမ္မနာဒ (သစ်ပျံပရိယတ္တိစာသင်တိုက်)
(၅၆) တိုက်သစ်နေချင် လျှောက်ထားစဉ် – ဦးရာဇိန္ဒ(မြင်းခြံ၊ ကိုးဆောင်)
(၅၇) တိုက်သစ်ဗိသုကာ၏ ဘဝပုံရိပ် တစ်စိတ်တစ်ဒေသ – အရှင်ဝိစိတ္တာဘိဝံသ (မစိုးရိမ်တိုက်သစ်)
(၅၈) ပင်လယ်ကြီးကို လေ့လာခြင်း – နန္ဒာဘိဝံသ
(၅၉) သဒ္ဒါတတ်အကျော် ထေရ်မဟော်၏ သဒ္ဒါစာဝါကို သဒ္ဓါဖြင့် ကြည်ညိုကော်ရော် ပူဇော်ခြင်း – အသောကသီတဂူ (မစိုးရိမ်ငွေလဝန်း)
(၆၀) ဆရာ့စကား ဆရာ့စိတ်ထား – ဦးဥတ္တမ(M.A (Indo, aryan)