သတင်း

မစိုးရိမ်တိုက်သစ် ကျောင်းတော်ကြီးပြန်လည်ဖွင့်လှစ်ပါပြီ

၁၃၇၉ ခု၊ ကဆုန်လပြည့်နေ့ 10.5.2017 ရက်နေ့ ညနေ 6:00 နာရီမှာ သံဃာအားလုံး ပြန်လည်ရောက်ရှိကြပါပြီ။ ပြီးခဲ့သည့် တပေါင်းလ ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲကြီးပြီးကတည်းက ကျောင်းပိတ်ထားခဲ့တာ အခု ကဆုန်လပြည့်ညမှာ ပြန်လည်စုံညီကြခြင်းဖြစ်ပါတယ်။

သံဃာအသစ်တွေလည်း လက်ခံနေပါပြီ။ အတော်များများက ရွာပြန်သံဃာတော်များနှင့်အတူ ပါလာကြတာပါ။ သူ့အဆက်အသွယ်နှင့်သူ သီခြားရောက်ရှိလာတာတွေလည်းရှိပါတယ်။ မဟာနာယကဆရာတော်ကြီးတွေကိုယ်စား သြဝါဒပေးရပါတယ်။
ဓမ္မသမိဒ္ဓိကျောင်းမှာ ပေးရတာပါ။

ဓမ္မသမိဒ္ဓိကျောင်း၊ ဓမ္မသမိဒ္ဓိဆွမ်းစားကျောင်း၊ ဓမ္မဂါရဝကျောင်းတွေမှာ ဘုရားဝတ်တက်ကြရတဲ့ စာသင်သံဃာများကို သြဝါဒပေးဖြစ်ပါတယ်။

စဏ္ဍာလနှင့်သမဏ ခွဲခြားပြရင်း မော်စကိုဘ၀တက္ကသိုလ်ကျောင်းတော်ကြီးမှာ တွေ့ကြုံခဲ့ရတဲ့ ၂၉၅-က (သာသနာညှိုးနွမ်းမှု)နဲ့ ရောက်လာကြတဲ့ ဦးဇင်းတွေ အစားဆင်းရဲ အနေဆင်းရဲ လူပင်ပန်း စိတ်ပင်ပန်း နိမ့်ကျတဲ့ဘ၀ရောက်ရှိနေတာတွေကို သာဓကထိုးပြပြီး မိမိကိုယ်ကို စောင့်ထိန်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။