သတင်း

မော်ဒန် အစ္စလာမ် အပိတ်ပင်ခံရ

မူဆလင်တွေမှာလည်း ပြု ပြင်ပြောင်းလဲလိုစိတ်တွေ ရှိနေကြတယ်ဆိုတာ သိခွင့်ရလိုက်လို့
အင်မတန်မှ ဝမ်းသာမိတယ်။

မူဆလင်တွေသာ ကမ္ဘာ့ပြည်သူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ကြ
နေထိုင်နိုင်ကြမယ်ဆိုရင် ကမ္ဘာကြီးငြိမ်းချမ်းပြီ။

ကမ္ဘာကြီးငြိမ်းချမ်းရေး
ကမ္ဘာသူ ကမ္ဘာသားတွေ အကြမ်းဖက်အန္တရာယ်ကင်းဝေးရေးအတွက်
ရည်ရွယ်ပြု စုတဲ့ ဒီကျမ်းစာ
ပိတ်ပင်ခံလိုက်ရတာဟာ
ကမ္ဘာကြီးရဲ့ ကံကြမ္မာလေလား?

ကျမ်းစာပြု စုသူတွေကို
ကိုယ်ချင်းစာမိတယ်။
သူတို့ရဲ့စေတနာကို မလေးစားဘဲ မနေနိုင်ဘူး။

မြန်မာပြည်မှာရော ဒီလိုကျမ်းစာသစ်တွေ
မရေးသင့် မထုတ်သင့် မဖြန့်သင့်ပေဘူးလား?

ရှေးထုံးမပယ်ဆိုပေမယ့်
ဘာသာမတူ ရန်သူသဘောထားမျိုးကိုတော့
မဖြစ်မနေ ပယ်ရမယ်ဗျ။

ဝီရသူ( မစိုးရိမ်)

2.8.2017
am 10:27
====================================

ဘာသာရေးစာအုပ် မလေးရှား ပိတ်ပင်

အစ္စလာမ်ဘာသာ ပိုမိုခေတ်မှီအောင် ရည်ရွယ်ရေးသားခဲ့တဲ့ စာအုပ်တအုပ်ကို မလေးရှားအစိုးရက ပိတ်ပင်လိုက်တဲ့အတွက် လူ့အခွင့်အရေးလှုပ်ရှားသူတွေက အင်္ဂါနေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

“Breaking The Silence: Voices Of Moderation- Islam In A Constitutional Democracy” “ရေငုံနုတ်ပိတ်မှုကနေ ဖေါက်ထွက်ခြင်း” လို့ အမည်ပေးထားတဲ့ အဲဒီစာအုပ်ဟာ သည်းခံမှုတရားပိုမိုပြည့်ဝတဲ့ ဒီမိုကရေစီနည်းကျ အစ္စလာမ်ဘာသာ ထွန်းကားရေးကို တိုက်တွန်းထားတဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်ဖြစ်ပါတယ်။

ပါဝင်ရေးသားတဲ့ ဆောင်းပါးရှင်တဦးကတော့ ဒီစာအုပ်မှာ အစ္စလာမ်ဘာသာကို ပညာဥာဏ်နဲ့ ဆင်ခြင်ကျင့်ကြံပြီး ခေတ်မှီစွာ ကိုးကွယ်ဖို့ ရည်မှန်းရေးသားထားကြတာပါ။ သက်သေထင်ရှားရှိပေမယ့် အမှန်တရားကို လက်မခံတတ်တဲ့ အတွေးအခေါ်တွေ၊ အစွန်းရောက်ဝါဒီတွေက အစ္စလာမ်ဘာသာအပေါ် လွမ်းမိုးနေပုံတွေကို တင်ပြထားတာဖြစ်ပါတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း မဟာသီဟာ မိုဟာမက်ရဲ့ သမီး မရီနာဆိုသူကလည်း ဒါဟာ သဘောထားအမြင်ကွဲပြားသူမှန်သမျှကို အစိုးရက နုတ်ပိတ်တဲ့လုပ်ရပ်ပဲလို့ ဝေဖန်ခဲ့ပါတယ်။

မလေးရှား ဒု ဝန်ကြီးချုပ် Hamidi ဟာ မီဒီးက ဒီစာအုပ်ဟာ တည်ငြိမ်မှုပျက်ပြားပြီး လူထုအတွင်း ဝေဖန်ငြင်းခုံမှုတွေ ပေါ်ပေါက်နိုင်တယ်လို့ပြောပါတယ်။ အိမ်နီးခြင်း စင်္ကာပူနိုင်ငံမှာတော့ အဲဒီစာအုပ်ကို ရောင်းချခွင့်ပြုထားပါတယ်။