သတင္း

မတၱရာ ရန္ကင္းမစိုးရိမ္တုိက္သစ္သို႔ အလည္တစ္ေခါက္

တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၉ ရက္ (1.12.2018)ရက္ေန႔၊ ညေနပိုင္းမွာ မတၱာရာၿမဳိ႕၊ ရန္ကင္းမစိုးရိမ္တုိက္သစ္သုိ႔ သြားေရာက္ခဲ့ပါတယ္။ မတၱရာၿမဳိ႕၊ ေဇယ်ာသနမစိုးရိမ္တုိက္သစ္၊ ေက်ာင္းေရစက္ခ်ပြဲလာေရာက္ရင္း သူငယ္ခ်င္းရွိရာ ရန္ကင္းမစုိးရိမ္တုိက္သစ္သို႔ သြားေရာက္ၾကျခင္း ျဖစ္ပါတယ္။

သူငယ္ခ်င္းမ်ားျဖစ္တဲ့ ေနျပည္ေတာ္မစုိးရိမ္တိုက္သစ္ဆရာေတာ္ ဦးအဂၢဓမၼ၊ ဓမၼပါကဋေက်ာင္းနာယကေက်ာင္းဆရာေတာ္ ဦးနႏၵ၊ အေရွ႕ခင္မကန္တုိက္ ကထိန္ေတာ္ေက်င္းဆရာေတာ္ေလး ဦးပညာသီရိ၊ ဓမၼပါရဂူေက်ာင္းနာယကဆရာေတာ္ ဦးဇနကတုိ႔နဲ႔ သြားၾကတာပါ။

ရန္ကင္းမစုိးရိမ္တိုက္သစ္ဆရာေတာ္ေလး ဦးစႏၵာသီရိက စာေရးသူတုိ႔ထက္ ႏွစ္ေစာၿပီး သက်သီဟက်မ္းၿပီးသြားသူပါ။
စာေရးသူေအာက္ တစ္ဝါငယ္ပါတယ္။

ေရာက္တုန္းေရာက္ခုိက္ ဆက္စပ္မိသမွ်ေတြေျပာၾကရင္း ကိုရင္ေလး ဦးဇင္းေလးမ်ားက လာေရာက္ကန္ေတာ့တာေၾကာင့္ ၾသဝါဒေပးခဲ့ရပါတယ္။ ျမတ္စြာဘုရားသာသနာေတာ္ကို ဘယ္လိုထူေထာင္ခဲ့သလဲ၊ ဘယ္လုိဦးေဆာင္ခဲ့တာလဲဆိုတာေလးေတြ ေတြးၿပီး ဝိဇၨာႏွင့္ စရဏ ညီမွ်ေအာင္က်င့္ၾကဖုိ႔ တုိက္တြန္းခဲ့တာပါ။

“မတ္တရာ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ အလည်တစ်ခေါက်”

တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် (1.12.2018)ရက်နေ့၊ ညနေပိုင်းမှာ မတ္တာရာမြို့၊ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ သွားရောက်ခဲ့ပါတယ်။ မတ္တရာမြို့၊ ဇေယျာသနမစိုးရိမ်တိုက်သစ်၊ ကျောင်းရေစက်ချပွဲလာရောက်ရင်း သူငယ်ချင်းရှိရာ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ သွားရောက်ကြခြင်း ဖြစ်ပါတယ်။

သူငယ်ချင်းများဖြစ်တဲ့ နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ဦးအဂ္ဂဓမ္မ၊ ဓမ္မပါကဋကျောင်းနာယကကျောင်းဆရာတော် ဦးနန္ဒ၊ အရှေ့ခင်မကန်တိုက် ကထိန်တော်ကျေင်းဆရာတော်လေး ဦးပညာသီရိ၊ ဓမ္မပါရဂူကျောင်းနာယကဆရာတော် ဦးဇနကတို့နဲ့ သွားကြတာပါ။

ရန်ကင်းမစိုးရိမ်တိုက်သစ်ဆရာတော်လေး ဦးစန္ဒာသီရိက စာရေးသူတို့ထက် နှစ်စောပြီး သကျသီဟကျမ်းပြီးသွားသူပါ။ စာရေးသူအောက် တစ်ဝါငယ်ပါတယ်။

ရောက်တုန်းရောက်ခိုက် ဆက်စပ်မိသမျှတွေပြောကြရင်း ကိုရင်လေး ဦးဇင်းလေးများက လာရောက်ကန်တော့တာကြောင့် သြဝါဒပေးခဲ့ရပါတယ်။ မြတ်စွာဘုရားသာသနာတော်ကို ဘယ်လိုထူထောင်ခဲ့သလဲ၊ ဘယ်လိုဦးဆောင်ခဲ့တာလဲဆိုတာလေးတွေ တွေးပြီး ဝိဇ္ဇာနှင့် စရဏ ညီမျှအောင်ကျင့်ကြဖို့ တိုက်တွန်းခဲ့တာပါ။