သတင်း
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကန့်ဘလူမြို့ ပရဟိတအသင်းအဖွဲ့များမှ အလှူငွေ ၁,၀၀၀,၀၀၀ (ဆယ်သိန်း)ကျပ် လှူဒါန်းစဉ်။ (2.3.2018)
(၄င်းအလှူငွေ ဆယ်သိန်းကျပ်သည် ကန့်ဘလူမြို့ မဟာရွှေစည်ကြီး သာသနာ့ဗိမာန်တော်၌ မြတ်ဗုဒ္ဓရောင်ခြည် သာသနာ့အကျိုးတော်ဆောင်အသင်း (၈)နှစ်ပြည့် အထူးဓမ္မသဘင်အဖြစ် ပညာဒါန အလှူတော် ဓမ္မသဘင်ကျင်းပ၍ ရရှိသော ဓမ္မပူဇာအလှူငွေများဖြစ်ပါသည်။
“မန်းမဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပညာဒါနဓမ္မသဘင် ကျင်းပလှူဒါန်း (ကန့်ဘလူ)”
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင် ထက်တန်းကျောင်းတော်ကြီးအတွက် ကန့်ဘလူမြို့ ပရဟိတအသင်းအဖွဲ့များမှ အလှူငွေ ၁,၀၀၀,၀၀၀ (ဆယ်သိန်း)ကျပ် လှူဒါန်းစဉ်။ (2.3.2018)
(၎င်းအလှူငွေ ဆယ်သိန်းကျပ်သည် ကန့်ဘလူမြို့ မဟာရွှေစည်ကြီး သာသနာ့ဗိမာန်တော်၌ မြတ်ဗုဒ္ဓရောင်ခြည် သာသနာ့အကျိုးတော်ဆောင်အသင်း (၈)နှစ်ပြည့် အထူးဓမ္မသဘင်အဖြစ် ပညာဒါန အလှူတော် ဓမ္မသဘင်ကျင်းပ၍ ရရှိသော ဓမ္မပူဇာအလှူငွေများဖြစ်ပါသည်။
28.2.2018 နှင့် 1.3.2018နှစ်ရက်တိုင်တိုင် ပညာဒါနအလှူတော်တရားပွဲ ကျင်းပခဲ့ရာ ပေါ်တော်မူကျောင်းဆရာတော် အရှင်ဥတ္တမနှင့် ရွှေသိမ်တော်ကျောင်းဆရာတော် အရှင်မာဃိန္ဒ ဓမ္မကထိကဆရာတော် နှစ်ပါးက ဓမ္မပူဇာအလှူငွေများကို မန်း မဟော်သဓာကျောင်းတော်ကြီးအတွက် ပြန်လည်လှူဒါန်းခြင်းဖြစ်ပါသည်။)
ကန့်ဘလူဓမ္မကထိကဆရာတော်နှစ်ပါးနှင့်အတူ တရားပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ ပရဟိတအဖွဲ့အစည်းများ တရားနာပရိသတ်များ ဓမ္မပူဇာအလှူရှင်များ အားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်ဝ်။