သတင်းအင်တာဗျူး





ဝီရသူ(မစိုးရိမ်)
11.3.2018
PM 1:16

“Unity ဦးတင်ဆန်းနှင့်အတူ”

10.3.2018 ရက်နေ့ မနက် ၈း၀၀ နာရီ ရန်ကုန်မြို့ မြောက်ဒဂုံ ဦးမောင်မောင်အိမ်မှာ တွေ့ဆုံပါတယ်။ မိတ်ဆွေကြီး ဦးရွှေကြည်(ဒိုင်းမွန်းရွှေကြည်)လည်း ပါပါတယ်။ Unity ဂျာနယ် ဦးတင်ဆန်းက ဦးမောင်မောင်အိမ်မှာပဲ ၂၀၁၃ ခုနှစ်တုန်းက လာရောက် အင်တာဗျူးဖူးပါတယ်။

အဲဒီတုန်းကလည်း ကာဗာဖိုတိုအဖြစ် တင်ပြခဲ့တာပါ။ အခုလည်း နှစ်ဦးနှစ်ဖက် သဘောတူညီမှုရလို့ လက်ခံဖြေကြားလိုက်ပါတယ်။ မေးတာတွေကတော့ အစုံပါပဲ။ အဲဒီမေးခွန်းတွေကို မိတ်ဆွေကြီးဦးရွှေကြည်နှင့်ညှိပြီး အဆင်ပြေအောင် အကောင်းဆုံး လုပ်ပေးထားတာပါ။

အမျိုးသားရေးအကြောင်းတွေ များပါတယ်။ ဂျာနယ်ထွက်လာတဲ့အခါ ပြန်လည် တင်ပြပေးပါမယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သတင်းရေးပါရစေ။

ဝီရသူ(မစိုးရိမ်)
11.3.2018
PM 1:16