သတင်းလောကအလင်းပညာဒါနကျောင်း




“လောကအလင်း ယဉ်ကျေးလိမ္မာ သားသားမီးမီးလေးတွေ”

ဒီကနေ့ 11.3.2018 ရက်နေ့ သားသားမီးမီးလေးတွေအတွက် မှာထားတဲ့ ကစားစရာ ဒန်းစင်လေး ရောက်ရှိလာပါပြီ။
ဒန်းစင် တည်ပြီးလို့ မြေတောင်မညှိရသေးခင်မှာပဲ ဝိုင်းအုံစီးကြလို့ ဘာမှဆက်လုပ်လို့ မရတော့ပါဘူး။ ယဉ်ကျေးလိမ္မာနည်းပြဆရာတော်လေးတွေ ယဉ်ကျေးလိမ္မာသင်တန်း ကြီးကြပ်ရေးအဖွဲ့တွေ ဘာမှ မတတ်နိုင်တော့ပါဘူး။

မြင်တဲ့အတိုင်းပါပဲဗျာ။ ဘယ်နှစ်ရက်ခံမလဲတော့ မသိပါဘူး။ ကလေးတွေ ထိခိုက်ဒဏ်ရာမရရင်ပဲ ကျေနပ်ရမှာပါ။