သတင်း

မန်းမဟော်သဓာသို့ အလည်တစ်ခေါက်(၂)

12.12.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ မန်းမဟော်သဓာ မြေကွက်သို့ ရောက်ရှိခဲ့ပါတယ်။ တမာတန်း သစ်စိမ့်တိုက် ရတနာသိင်္ဃကျောင်းဆရာတော် ဦးဝါသဝနှင့် တပည့်ကိုရင်လေးများ အလုပ်သမားများ ရောက်ရှိလို့နေပါတယ်။

နောင်တော်ကြီးဦးဝါသဝနှင့်အတူ သရက်ပင်ကြီးအောက် ကွပ်ပျစ်ပေါ်မှာ လေပြေလေညင်းခံရင်း စီမံကိန်းအချို့ကို တိုင်ပင်ဆွေးနွေးဖြစ်ပါတယ်။ နောင်တော်ကြီးရဲ့တပည့်ကိုရင်လေးတွေကတော့ ကလေးပီပီ စားလည်းတက်တက်ကြွကြွ လုပ်လည်းတက်တက်ကြွကြွ ကစားလည်း တက်တက်ကြွကြွပါပဲ။ အတော်ကြည်နူးစရာကောင်းပါတယ်။