သတင်း

မန်း မဘသ ဥပုသ်နေ့ အစည်းအဝေး

ဒီနေ့ နယုန်လဆန်း၈ရက် 2.6.2017 ညနေ ၅း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးတိုက် သာသနပါလကျောင်းမှာ ကျင်းပပါတယ်။

သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တစိန္တာ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) အမှူးပြုသော ဆရာတော်သံဃာတော်များ မန်း မဘသ မိသားစုများ တက်ရောက်ကြပါတယ်။

အစည်းအဝေးမှာ နယုန်လပြည့်ကျော်၂ရက် 11.6.2017 ရက်နေ့မှာ ကျင်းပမည့် မန္တလေးတိုင်းဒေသကြီးဆိုင်ရာ ယဉ်ကျေးလိမ္မာစာမေးပွဲ စာအောင်ဆုပေးပွဲအတွက် လုပ်ငန်းဖော်ဆောင်မှုအခြေအနေနှင့် မန်း မဘသ အဖွဲ့ အမည်ဖြင့် ဆက်လက် ရပ်တည်သွားမည့်အစီအစဉ်တို့ကို ဆွေးနွေးဆုံးဖြတ်ကြပါတယ်။

တက်ရောက်လာသူ ပရိသတ်အားလုံး တညီတညွတ်တည်း မဘသဟူသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးကို ဆက်လက်ကာကွယ်သွားမည်ဆိုတဲ့အကြောင်း အတည်ပြုခဲ့ကြတာပါ။