ထုတ်ပြန်ကြေညာချက်သတင်း

မန်း မ.ဘ.သ သဘောထားကြေညာချက်

၁၃၇၉ခုနှစ် တော်သလင်းလကွယ်နေ့
၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်၊ ဗုဒ္ဓဟူးနေ့

၂ဝ၁၇ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့တွင် ပြောကြားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့်ပတ်သက်၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး၊ မန်းမဘသ၏ သဘောထားကို ထုတ်ပြန်ကြေညာလိုက်သည်-

၁။ နိုင်ငံတော်အစိုးရသည် နိုင်ငံ့တာဝန်စတင်ထမ်းဆောင်သည်မှစ၍ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်မှာ ထင်ရှားသည်။ ဒေသတည်ငြိမ် အေးချမ်းရေး၊ လူ့အသိုင်းအဝိုင်း နှစ်ခုအကြား သဟဇာတဖြစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှု၍ ကော်မတီဖွဲ့ခြင်း၊ ကော်မရှင်ဖွဲ့ခြင်း၊ စီမံကိန်းများရေးဆွဲခြင်း၊ စီမံချက်များချမှတ်ခြင်း၊ မီဒီယာများကို လွတ်လပ်စွာ သတင်းယူခွင့်ပြုခြင်းတို့ဖြင့် အစွမ်းကုန်ဆောင်ရွက်ခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိသည့်အပြင်၊ အကြမ်းဖက်မှုကျူးလွန်ခဲ့ကြသော ဒေသတွင်း မွတ်စလင်များ သွေးထိုးလှုံ့ဆော် ခဲ့ကြသော ပြည်တွင်းပြည်ပ မွတ်စလင်အကြီးအကဲတို့ကြောင့်သာ ယခုကဲ့သို့သော အနိဋ္ဌာရုံ အဖြစ်ဆိုးကြီး ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှာ အပြစ်မရှိ။ ဝိသမလောဘဖြင့် နယ်မြေလု အကြမ်းဖက်မှုကြီးကို ကျူးလွန်ခဲ့ကြသော ဂျီဟတ်ဝါဒီ အစ္စလာမ္မစ်ခေါင်းဆောင်များ၏ အပြစ်သာ ဖြစ်သည်။

၂။ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေကြသော မွတ်စလင်ဒုက္ခသည်များသည် ပဋိပက္ခကြောင့် အမိမြေသို့ ပြန်ပြေး သွားကြရသည်ထက် မြန်မာအစိုးရကို နိုင်ငံရေးအရ ချောက်ချလိုသော ရည်ရွယ်ချက်သက်သက်ဖြင့် ဂျီဟတ်ဝါဒီ အစ္စလာမ္မစ် အကြမ်းဖက်သမားတို့၏ အသုံးချခံရမှုကြောင့် ပြန်ပြေးကြရသည်က ပိုမိုများပြားကြောင်း ထင်ရှားသည်။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်များ၏ နောက်ကွယ်ရှိ အကြောင်းရင်းကို လေ့လာစုံစမ်း၍ အဖြေမှန် ထုတ်ပေးရန် တိုက်တွန်းသည်။

– ၂ –
၃။ နိုင်ငံတကာ မီဒီယာများအနေဖြင့် နေရပ်စွန့်ခွာသွားကြသော မွတ်စလင်များ အကြောင်းကိုသာ တစ်ဖက်သတ် ထုတ်လွှင့်နေကြခြင်းများကို ရပ်တန့်၍ အကြမ်းဖက်ခံရသော ရခိုင်လူမျိုးများ အပါအဝင် မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီးစသည့် မထင်ရှားသော ဌာနေတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များ အကြောင်းကိုလည်း မျှတစွာ ထုတ်လွှင့်တင်ပြကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကူညီဆောင်ရွက်ရန် တိုက်တွန်းသည်။

၎။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် မွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရာတွင် မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့ကြောင်း သေချာစွာစိစစ်၍ အချက်အလက်များနှင့် ကိုက်ညီမှသာ ပြန်လည်လက်ခံမည်ဟု သိရှိရသဖြင့် အားရကျေနပ်မိကြောင်း ထောက်ခံပြောကြားလိုက်သည်။

၅။ နိုင်ငံတော်အစိုးရအနေဖြင့် မစ္စတာကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို အပြည့်အဝ ကာကွယ်ပေးထားသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို မထိခိုက်စေသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်ရန် တိုက်တွန်းသည်။

၆။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများကို အသိအမှတ်ပြုသကဲ့သို့ ပြည်တွင်းနေ တိုင်းရင်းသားများ၊ နိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုများကိုလည်း ပစ်ပယ် မထားရန် တိုက်တွန်းသည်။

ဘဒ္ဒန္တပညာသာမိ
(ဒုတိယအတွင်းရေးမှူးချုပ်)

ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ
(ဦးဆောင်ဆရာတော်)

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)
(ဦးဆောင်ဆရာတော်)