ထုုတ္ျပန္ေၾကညာခ်က္သတင္း

မဘသ(ဗဟို) ႏွစ္ပတ္လည္ညီလာခံ သေဘာထားထုတ္ျပန္ေၾကညာခ်က္

သာသနာေတာ္ႏွစ္ ၂၅၆၃-ခုႏွစ္၊ ေကာဇာသကၠရာဇ္ ၁၃၈၁-ခုႏွစ္၊ နယုန္လျပည့္၊ (၂၀၁၉-ခု၊ ဇြန္လ ၁၇) တနလၤာေန႔

၁။ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး မဘသ/ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းအဖြဲ႔ႀကီးသည္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးလုပ္ငန္းမ်ား၊ ယဥ္ေက်းမႈႏွင့္ စာရိတၱပညာျမင့္မားေရးလုပ္ငန္းမ်ား၊ ေရေဘး၊ မီးေဘး စေသာ သဘာဝေဘးသင့္ျပည္သူမ်ားအတြက္ ကူညီေစာင့္ေရွာက္မႈလုပ္ငန္းမ်ား စေသာ တုိင္းျပည္ႏွင့္ လူမ်ဳိး ဘာသာ သာသနာ ေကာင္းက်ဳိးျပဳ လုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ ဆက္လက္ေဆာင္ရြက္သြားမည္။

၂။ လက္ရွိ ဒီမိုကေရစီအစုုိးရလက္ထက္တြင္ ဝံသာႏုစိတ္ဓာတ္ကဗ်ာကို ပယ္ဖ်က္ျခင္း၊ ဇာတိမာန္သီခ်င္းကို မလိုေတာ့ဟု ေျပာၾကားျခင္း၊ အမ်ဳိးသားေရးဝါဒသည္ ဒီမိုကေရစီ၏ အႏၲရာယ္ျဖစ္သည္ဟု ေျပာၾကားျခင္းတုိ႔သည္ အမ်ဳိးသားေရးလကၡဏာကို ဖ်က္ဆီးျခင္းျဖစ္သည္၊ ထို႔ေၾကာင့္ ဤအဖြဲ႔ႀကီးက ဗုဒၶဘာသာ ရဟန္း ရွင္ လူမ်ားကိုယ္စား ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်လုိက္သည္။

၃။ အမ်ဳိးသမီးမဝင္ရဟု ကန္႔သတ္ထားေသာ ေအာက္စက္ေတာ္ရာကို ႏိုင္ငံေခါင္းေဆာင္ အမ်ဳိးသမီးကိုယ္တုိင္ ဝင္ေရာက္ေျခခ်ျခင္းသည္ ျမန္မာ့ယဥ္ေက်းမႈ ဓေလ့ထံုးတမ္းကို ေက်ာ္လြန္၍ မထီမဲ့ျမင္ျပဳလုပ္ျခင္းပင္ျဖစ္သည္၊ ထို႔ေၾကာင့္ ဤအဖြဲ႔ႀကီးက ျမန္မာ့ယဥ္ေက်းမႈကို ျမတ္ႏိုးတန္ဖိုးထားသည့္ ရဟန္း ရွင္ လူ ျပည္သူမ်ားကိုယ္စား ျပင္းျပင္းထန္ထန္ ကြန္႔ကြက္ရႈတ္ခ်လိုက္သည္။

၄။ ကေလးသူငယ္ အခြင့္အေရးမ်ားဆုိင္ရာ ဥပေဒတြင္ ပုဒ္မ ၂၁-၌ ႏိုင္ငံေတာ္အတြင္း ေမြးဖြားသည့္ ကေလးသူငယ္တိုင္းကို ေမြးဖြားျခင္း မွတ္ပုံတင္လက္မွတ္ ထုတ္ေပးရမည္ဟူေသာ ဥပေဒကို ယေန႔ အမ်ဳိးသားလႊတ္ေတာ္၌ အတည္ျပဳလိုက္ၿပီျဖစ္သည္၊ ယဥ္းဥပေဒသည္ တရားမဝင္ လူမ်ဳိးျခား ကေလးသူငယ္မ်ားကိုပါ တရားဝင္အသိအမွတ္ျပဳရာ ေရာက္သည္၊ ယင္းသုိ႔ အသိအမွတ္ျပဳျခင္းသည္ လူမ်ဳိးေရး ဝါးမ်ဳိမႈကို အားေပးရာေရာက္ေသာေၾကာင့္ စစ္မက္ေဘးထက္ ပို၍ေၾကာက္စရာေကာင္းေပသည္၊ ထို႔ေၾကာင့္ ဤအဖြဲ႔ႀကီးက ဗုဒၶဘာသာ ရဟန္း ရွင္ လူမ်ားကိုယ္စား ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်လုိက္သည္။

၅။ လက္ရွိ ဒီမိုကေရစီအစုိးရလက္ထက္၌ ဧည့္စာရင္းဥပေဒ၊ ေနာက္ေယာင္ခံေစာင့္ၾကည့္ေရးဥပေဒ၊ အေရးေပၚစီမံခ်က္ဥပေဒတို႔ကို ပယ္ဖ်က္ခဲ့သည္၊ ဤသို႔ ပယ္ဖ်က္ျခင္းေၾကာင့္ ႏိုင္ငံေတာ္ၿခံစည္းရိုး က်ဳိးေပါက္သြားျခင္းပင္ျဖစ္ရကား ျမန္မာႏိုင္ငံတြင္းသို႔ ခုိးဝင္ဘဂၤလီမ်ား စည္းမရွိ ကမ္းမရွိ တစ္ေန႔တစ္ျခား ဝင္ေရာက္လ်က္ရွိပါသည္၊ ထို႔ေၾကာင့္ ဤအဖြဲ႔ႀကီးက ဗုဒၶဘာသာ ရဟန္း ရွင္ လူမ်ားကိုယ္စား ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်လုိက္သည္။

၆။ ဆရာေတာ္ ဝိစိတၱာဘိဝံသ(ဝီရသူ-မစုိးရိမ္)၏ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ႏွင့္ပတ္သက္၍ ေျပာဆိုခ်က္မ်ားသည္ အျပဳသေဘာျဖင့္ အမွတ္တရားကို ေဝဖန္ေထာက္ျပျခင္းသာ ျဖစ္သည္၊ အကယ္၍ ဖရုသဝါစာသေဘာ ျဖစ္ခဲ့ေသာ္ သံဃာ့အဖြဲ႔အစည္းအဆင့္ဆင့္မွ ေရွ႕ဦးစြာ ဓမၼစက္ျဖင့္ ဆံုးမရမည္ျဖစ္သည္၊ ယင္းလုပ္ထံုးလုပ္နည္းကို ေက်ာ္လြန္၍ တစ္သက္တစ္ကၽြန္းခ်ႏိုင္ေသာ ပုဒ္မ ၁၂၄-ကျဖင့္ စြဲခ်က္တင္ျခင္းသည္ လက္ရွိဒီမိုကေရစီအစုိးရ၏ ဥပေဒမဲ့ ေဆာင္ရြက္ေနျခင္းပင္ ျဖစ္သည္၊ ထုိ႔ေၾကာင့္ ဤအဖြဲ႔ႀကီးက သံဃာထုကိုယ္စား ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်လုိက္သည္။

၇။ (၁၆.၆.၂၀၁၉)တြင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ ထုတ္ျပန္လုိက္ေသာ ရွင္းလင္းေဖာ္ျပခ်က္၌
အာဏာစက္ျဖင့္ အေရးယူခံရသူကို ဆရာေတာ္ဟု မေခၚဆိုထက္ဟုလည္းေကာင္း၊
မၾကာခဏ ဝိနည္းသိကၡာပုဒ္ က်ဴးလြန္သူကို ဒုႆီလဟု ေခၚရမည္ဟုလည္းေကာင္း၊
စသည္ အေၾကာင္းအရာမ်ား ပါဝင္ပါသည္၊ ယင္းထုတ္ျပန္ခ်က္သည္ ဓမၼ၊ ဝိနယႏွင့္ မညီရုံမွ်မက ဗုဒၶဘာသာဝင္ သူေတာ္စင္မ်ား၏ စိတ္၌ အသိမွား အျမင္မွားကိုပင္ ျဖစ္ေပၚေစေသာေၾကာင့္ ဤအဖြဲ႔ႀကီးက သံဃာထုကိုယ္စား ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်လုိက္သည္။

အထက္ေဖာ္ျပပါ တုိင္းျပည္ႏွင့္ လူမ်ဳိး ဘာသာ သာသနာကို ပ်က္စီးေအာင္ ျပဳလုပ္ေနသည့္ လုပ္ရပ္မ်ားႏွင့္ ပါဝင္လုပ္ေနသူမ်ားကို ဆႏၵမဲ မေပးျခင္းအပါအဝင္ တရားႏွင့္အညီ ရသည့္နည္းျဖင့္ တြန္းလွန္ဖယ္ရွားၾကပါဟု ရဟန္း ရွင္ လူ ျပည္သူမ်ားအား အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းအဖြဲ႔ႀကီးက ေလးေလးနက္နက္ တုိက္တြန္းလုိက္သည္။

ဘဒၵႏၲတိေလာကာဘိဝံသ
ဥကၠ႒
အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း(ဗဟို)

ဘဒၵႏၲဝိမလဗုဒၶိ
အတြင္းေရးမွဴး
အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း

“မဘသ(ဗဟို) နှစ်ပတ်လည်ညီလာခံ သဘောထားထုတ်ပြန်ကြေညာချက်”

သာသနာတော်နှစ် ၂၅၆၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၁-ခုနှစ်၊ နယုန်လပြည့်၊ (၂၀၁၉-ခု၊ ဇွန်လ ၁၇) တနင်္လာနေ့

၁။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး မဘသ/ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီးသည်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် စာရိတ္တပညာမြင့်မားရေးလုပ်ငန်းများ၊ ရေဘေး၊ မီးဘေး စသော သဘာဝဘေးသင့်ပြည်သူများအတွက် ကူညီစောင့်ရှောက်မှုလုပ်ငန်းများ စသော တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာ ကောင်းကျိုးပြု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်။

၂။ လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်တွင် ဝံသာနုစိတ်ဓာတ်ကဗျာကို ပယ်ဖျက်ခြင်း၊ ဇာတိမာန်သီချင်းကို မလိုတော့ဟု ပြောကြားခြင်း၊ အမျိုးသားရေးဝါဒသည် ဒီမိုကရေစီ၏ အန္တရာယ်ဖြစ်သည်ဟု ပြောကြားခြင်းတို့သည် အမျိုးသားရေးလက္ခဏာကို ဖျက်ဆီးခြင်းဖြစ်သည်၊ ထို့ကြောင့် ဤအဖွဲ့ကြီးက ဗုဒ္ဓဘာသာ ရဟန်း ရှင် လူများကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။

၃။ အမျိုးသမီးမဝင်ရဟု ကန့်သတ်ထားသော အောက်စက်တော်ရာကို နိုင်ငံခေါင်းဆောင် အမျိုးသမီးကိုယ်တိုင် ဝင်ရောက်ခြေချခြင်းသည် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ကျော်လွန်၍ မထီမဲ့မြင်ပြုလုပ်ခြင်းပင်ဖြစ်သည်၊ ထို့ကြောင့် ဤအဖွဲ့ကြီးက မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသည့် ရဟန်း ရှင် လူ ပြည်သူများကိုယ်စား ပြင်းပြင်းထန်ထန် ကွန့်ကွက်ရှုတ်ချလိုက်သည်။

၄။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် ပုဒ်မ ၂၁-၌ နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းကို မွေးဖွားခြင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်ဟူသော ဥပဒေကို ယနေ့ အမျိုးသားလွှတ်တော်၌ အတည်ပြုလိုက်ပြီဖြစ်သည်၊ ယဉ်းဥပဒေသည် တရားမဝင် လူမျိုးခြား ကလေးသူငယ်များကိုပါ တရားဝင်အသိအမှတ်ပြုရာ ရောက်သည်၊ ယင်းသို့ အသိအမှတ်ပြုခြင်းသည် လူမျိုးရေး ဝါးမျိုမှုကို အားပေးရာရောက်သောကြောင့် စစ်မက်ဘေးထက် ပို၍ကြောက်စရာကောင်းပေသည်၊ ထို့ကြောင့် ဤအဖွဲ့ကြီးက ဗုဒ္ဓဘာသာ ရဟန်း ရှင် လူများကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။

၅။ လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်၌ ဧည့်စာရင်းဥပဒေ၊ နောက်ယောင်ခံစောင့်ကြည့်ရေးဥပဒေ၊ အရေးပေါ်စီမံချက်ဥပဒေတို့ကို ပယ်ဖျက်ခဲ့သည်၊ ဤသို့ ပယ်ဖျက်ခြင်းကြောင့် နိုင်ငံတော်ခြံစည်းရိုး ကျိုးပေါက်သွားခြင်းပင်ဖြစ်ရကား မြန်မာနိုင်ငံတွင်းသို့ ခိုးဝင်ဘင်္ဂလီများ စည်းမရှိ ကမ်းမရှိ တစ်နေ့တစ်ခြား ဝင်ရောက်လျက်ရှိပါသည်၊ ထို့ကြောင့် ဤအဖွဲ့ကြီးက ဗုဒ္ဓဘာသာ ရဟန်း ရှင် လူများကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။

၆။ ဆရာတော် ဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပတ်သက်၍ ပြောဆိုချက်များသည် အပြုသဘောဖြင့် အမှတ်တရားကို ဝေဖန်ထောက်ပြခြင်းသာ ဖြစ်သည်၊ အကယ်၍ ဖရုသဝါစာသဘော ဖြစ်ခဲ့သော် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ရှေ့ဦးစွာ ဓမ္မစက်ဖြင့် ဆုံးမရမည်ဖြစ်သည်၊ ယင်းလုပ်ထုံးလုပ်နည်းကို ကျော်လွန်၍ တစ်သက်တစ်ကျွန်းချနိုင်သော ပုဒ်မ ၁၂၄-ကဖြင့် စွဲချက်တင်ခြင်းသည် လက်ရှိဒီမိုကရေစီအစိုးရ၏ ဥပဒေမဲ့ ဆောင်ရွက်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့် ဤအဖွဲ့ကြီးက သံဃာထုကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။

၇။ (၁၆.၆.၂၀၁၉)တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော ရှင်းလင်းဖော်ပြချက်၌ အာဏာစက်ဖြင့် အရေးယူခံရသူကို ဆရာတော်ဟု မခေါ်ဆိုထက်ဟုလည်းကောင်း၊ မကြာခဏ ဝိနည်းသိက္ခာပုဒ် ကျူးလွန်သူကို ဒုဿီလဟု ခေါ်ရမည်ဟုလည်းကောင်း၊
စသည် အကြောင်းအရာများ ပါဝင်ပါသည်၊ ယင်းထုတ်ပြန်ချက်သည် ဓမ္မ၊ ဝိနယနှင့် မညီရုံမျှမက ဗုဒ္ဓဘာသာဝင် သူတော်စင်များ၏ စိတ်၌ အသိမှား အမြင်မှားကိုပင် ဖြစ်ပေါ်စေသောကြောင့် ဤအဖွဲ့ကြီးက သံဃာထုကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။

အထက်ဖော်ပြပါ တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာကို ပျက်စီးအောင် ပြုလုပ်နေသည့် လုပ်ရပ်များနှင့် ပါဝင်လုပ်နေသူများကို ဆန္ဒမဲ မပေးခြင်းအပါအဝင် တရားနှင့်အညီ ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှားကြပါဟု ရဟန်း ရှင် လူ ပြည်သူများအား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီးက လေးလေးနက်နက် တိုက်တွန်းလိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)

ဘဒ္ဒန္တဝိမလဗုဒ္ဓိ
အတွင်းရေးမှူး
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း