သတင္း

မစို္းရိမ္တိုက္သစ္ အံသကုိဋ္ အလွဴေတာ္

တန္ေဆာင္မုန္းလၦဳတ္ (၁၅)ရက္ 7.12.2018 ညေန (၆း၀၀)နာရီမွာ က်င္းပပါတယ္၊ သံဃာေတာ္မ်ား စုေပါင္း ဘုရားဝတ္တက္အၿပီးမွာ လွဴဒါန္းတာပါ။ သုိးေမႊး အံသကုိဋ္တစ္ထည္စီ ေလာင္းလွဴျခင္းျဖစ္ပါတယ္။ အလွဴရွင္မ်ားကေတာ့ ထုိင္ႏုိငံ၊ မဲေဆာက္ၿမိဳ႕ ATA မဟာဖုလဖား သုိးေမႊးစက္ရုံမွ ဖိေသာ္+ဖိဟြား၊ ကုိမင္း ျငိမ္း+မသင္း သရုပ္ေဆာင္နန္းသီတာေထြး၊ စစ္မွန္ေသာ ညီအစ္ကုိမ်ား ျဖစ္ပါတယ္။

ထုိင္ႏုိငံမွာ ခ်ဳပ္လုပ္ပီး ျမဝတီမွ တစ္ဆင့္ ေပးပို႔လွဴဒါန္းတာပါ၊ ျမဝတီမွ မန္းသုိ႔ ကုသုိလ္ျဖစ္ ပို႔ေဆာင္ေပး သူကေတာ့ သံသရာခရီးသည္ႀကီး ျဖစ္ပါတယ္။ သံသရာခရီးသည္ႀကီးဟာ တစ္ႏိုင္ငံလုံး အဝတ္အထည္ လုိအပ္ေသာ ေဒသမ်ားသို႔ လုိက္လံ လွဴဒါန္းေနေသာ အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးျဖစ္ပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္၊ ပါဠိကာရီေက်ာင္း ဆရေတာ္ဦးေသာမ ဦးေဆာင္ပီး ျမန္မာႏုိင္ငံလုံး ဆုိင္ရာ ေထရဝါဒဗုဒၶဘာသာ အဖြဲ႕ခ်ဳပ္ႏွင့္ ပဲခူးၿမိဳ႕ နယ္စပ္ ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း တုိ႔နဲ႕ဖြဲ႕စည္း ထားတဲ့ ပရဟိတအဖြဲ႕ပါ။ လုပ္အားဒါနအျဖစ္ ကူညီေလာင္းလွဴေပးသူမ်ားကေတာ့ သဟာယဝုိင္းေတာ္သားမ်ားႏွင့္ နဂါးနီဝိုင္း ေတာ္သားမ်ား ျဖစ္ပါေၾကာင္း ။

“မစိုးရိမ်တိုက်သစ် အံသကိုဋ် အလှူတော်”

တန်ဆောင်မုန်းလ္ဆုတ် (၁၅)ရက် 7.12.2018 ညနေ (၆း၀၀)နာရီမှာ ကျင်းပပါတယ်၊ သံဃာတော်များ စုပေါင်း ဘုရားဝတ်တက်အပြီးမှာ လှူဒါန်းတာပါ။ သိုးမွှေး အံသကိုဋ်တစ်ထည်စီ လောင်းလှူခြင်းဖြစ်ပါတယ်။ အလှူရှင်များကတော့ ထိုင်နိုငံ၊ မဲဆောက်မြို့ ATA မဟာဖုလဖား သိုးမွှေးစက်ရုံမှ ဖိသော်+ဖိဟွား၊ ကိုမင်း ငြိမ်း+မသင်း သရုပ်ဆောင်နန်းသီတာထွေး၊ စစ်မှန်သော ညီအစ်ကိုများ ဖြစ်ပါတယ်။

ထိုင်နိုငံမှာ ချုပ်လုပ်ပီး မြဝတီမှ တစ်ဆင့် ပေးပို့လှူဒါန်းတာပါ၊ မြဝတီမှ မန်းသို့ ကုသိုလ်ဖြစ် ပို့ဆောင်ပေး သူကတော့ သံသရာခရီးသည်ကြီး ဖြစ်ပါတယ်။ သံသရာခရီးသည်ကြီးဟာ တစ်နိုင်ငံလုံး အဝတ်အထည် လိုအပ်သော ဒေသများသို့ လိုက်လံ လှူဒါန်းနေသော အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ပါဠိကာရီကျောင်း ဆရတော်ဦးသောမ ဦးဆောင်ပီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် ပဲခူးမြို့ နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း တို့နဲ့ဖွဲ့စည်း ထားတဲ့ ပရဟိတအဖွဲ့ပါ။ လုပ်အားဒါနအဖြစ် ကူညီလောင်းလှူပေးသူများကတော့ သဟာယဝိုင်းတော်သားများနှင့် နဂါးနီဝိုင်း တော်သားများ ဖြစ်ပါကြောင်း ။