Daily Archives: December 16, 2018
သတင်း
ဗီယက်နမ် မိသားစု အလှူတော်
ဒီနေ့ နတ်တော်လဆန်း (၉)ရက် (၁၆.၁၂.၂၀၁၈)ရက် နံနက်ပိုင်းမှာ ဆွမ်းလောင်းလှူပါတယ်။ ဆွမ်းနဲ့အတူ နဝကမ္မအလှူငွေ ၂၀၀၀ ကျပ်စီလောင်းလှူပါတယ်။ အလှူရှင်များကတော့ အမေရိကန်နိုင်ငံနေ ဗီယက်နမ် မိသားစုဖြစ်ပါတယ်။ ၄င်းအဖွဲ့ကို ဦးဆောင်သူကတော့ ဗီယက်နမ် ရဟန်းတော် ဦးပညာဝရနှင့် ဦးကုသလဂုဏ တို့ဖြစ်ပါတယ်။ ၄င်းတို့နဲ့ အတူ ကမ္ဘောဒီယားမှ ရဟန်းတော်များနဲ့ ဒကာ/မ များလည်း ပါဝင်လှူဒါန်းကြပါတယ်။ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသထံ လှူဒါန်းထားသော ကိုရီုးုယားကျောင်းဒကာ ဒကာမများ အလှူငွေ (၁၀’၀၀၀)ကျပ်စီကိုလည်း မစိုးရိမ်တိုက်သစ် ကျေုာင်းဒကာမများက ကူညီလှူဒါန်းပေးပါတယ်။ ဆွမ်းလောင်းအပြီးမှာ တရားနာရေစက်ချကြပါတယ်။ ...
သတင်း
၂၀၁၈ တိံသတိမ ဓမ္မသဘင် (ရန်ကုန် လှိုင်သာယာ)
နတ်တော်လဆန်း (၇)ရက် (၁၄.၁၂.၂၁၀၈)ရက်နေ့ ည(၈း၀၀)နာရီ လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုရပ်ကွက် ၊ သ က မ ၁၊ တိုးချဲ့၊ ဒဂုံဧရာအဝေးပြေးဝန်း မိသားစုနှင့် ဗုဒ္ဓမေတ္တာ ပရဟိတ အဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (ဒုတိယ) အကြိမ်မြောက် အထူးဓမ္မပူဇာ အထူးတရားသဘင်။ (၃၀)ကြိမ်မြောက် တရားပွဲပါ။ စက်ရုံအလုပ်ရုံတွေပေါတဲ့ လှိုင်သာယာမှ အလုပ်သမား အလုပ်သမ အမျိုးအတွေအတွက် ဆောင်ကောင်း လေးတစ်ခုပေးခဲ့ပါတယ်။ နမောတဿ အဆောင်ပါ။ မူလပဏ္ဏာသပါဠိတော် စူဠိဟတ္ထိပဒေါပမ (ဆင်ခြေရာ ဥပမာပြ) သုတ္တန် ဟောကြားခဲ့ပါတယ်။ လက်တွေ့လည်း ...
သတင်း
သတင်း
မြင်းမူ ကျောင်းပန္နက်ချပွဲ
နတ်တော်လဆန်း(၃)ရက် (၁၀.၁၂.၂၀၁၈) စစ်ကိုင်းတိုင်း မြင်းမူမြို့ရေဝန်မင်းသားကျောင်းမှာ ကျင်းပပါတယ်။ ရေဝန်မင်းသား သာမဏေကျော် စာသင်တိုက်ဖွင့်လှစ်နိုင်ဖို့အတွက် နှစ်ထပ်ကျောင်းဆောင် စတင် ဆောက်လုပ် တာပါ။ ကျောင်းဒါယကာ ဒါယိကာမများကတော့  ဓမ္မာရုံ အလှူရှင်တွေပါပဲ စစ်ကိုင်းမြို့မှာနေပါတယ်။ သံဃာတော် များက ကမ္မဝါရွတ်ဖတ်ပြီး မြေသန့်မင်္ဂလာပြုလုပ်ကာ ဇယန္တောဗောဓိယာမူလေ အောင်ဂါထာ ရွတ်ဆို နေချိန်မှာ ဒကာများက ပန္နက် ရိုက်ကြတာပါ။ ရေဝန်မင်းသား ဆရာတော်ကြီးက ကိုရင်မရှိ ကျောင်းသားမရှိ ဥဇင်းမရှိဘဲ တစ်ပါးတည်း နေထိုင်လာရမှ သာမဏေကျော် စာသင်တိုက် ဖွင့်ချင်လို့ စာရေးသူကို ...
သတင်း
အမျိုးဘာသာ သာသနာ အတွက် ကျော်မျိုးရွှေ ပြန်လာပြီ
(၅.၁၂.၂၀၁၈) နေ့မှာ ကိုကျော်မျိုးရွှေ အင်စိန်ထောင်မှ လွတ်ပါတယ်။ မန်းသပိတ်စခန်း ဦးဆောင်သူ ဟုဆိုကာ ထောင် တစ်နှစ်ခွဲ ချခံခဲ့ရတာပါ။ လွတ်ရက်စေ့လို့ လွတ်ခဲ့ပါပြီ ရန်ကုန်မျိုးချစ်သမဂ္ဂမှာ ဆွမ်းကပ်ပြီး အမျိုးသားရေး အင်အားစုများနှင့် မိတ်ဆုံစားပွဲ ကျင်းပပြီးပါပြီ။ ဒီနေ့ (၁၁.၁၂.၂၀၁၈)နေ့မှာ မန်းသို့ပြန်ရောက်ပါတယ်။  သဟာကျောင်းသို့ မွန်းတည့် (၁၂း၀၀)နာရီမှာ ရောက်ရှိပါသည်။ မန်း အမျိုးသားရေး မိသားစုများက ဝမ်းသာ အားရကြိုဆိုကြပါတယ်။ ကိုကျော်မျိုးရွှေအား ၆၆ (ဂ)နဲ့ အဆွဲခံထားရတာကြောင့် ရန်ကုန်ပြန်ပြီး အမှုရင်ဆိုင် ရပါအုန်းမယ်။ ကြမ်းခင်းဈေးက (၆)လပေါ့ဗျာ။ ကိုကျော်မျိုးရွှေ အားမွေးနေပါဗျာ။  ဝီရသူ (မစိုးရိမ်) ...
သတင်း
တာဝန်တွေ ပြီးဆုံးတော့မှာလား
မန်း-မဟော်သဓာကိစ္စ ပြင်းထန်လာရင် ပြည်သူတွေ ပေါက်ကွဲတော့မယ်လို့ သုံးသပ်နေကြပါတယ်။ အခြေခံဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသော်လဲ ဗုဒ္ဓဘာသာကို အခြားဘာသာတွေနဲ့ တန်းတူထားလို့ မဖြစ်နိုင်ဘဲ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများကသာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ (ငြိမ်း)ကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မဟာဂန္ဓာရုံအလှူလာစဉ်မှာ ပြောသွားပါတယ်။ မဟော်သဓာကျောင်းဆိုတာ လောကီပညာရေးအပြင် ဘာသာသာသနာယဉ်ကျေးမှု အမွေအနှစ်တွေကိုပါ ထိန်းသိမ်းစောင့်ရှောက်ဖို့ သင်ပေးတာဖြစ်လို့ အခြေခံလူတန်းစား ကလေးတွေအပြင် စစ်ဗိုလ်ချုပ်သားသမီးတွေနဲ့ သူဌေးသူကြွယ်သားသမီးတချို့ပါ တက်ရောက်နေတဲ့ ကျောင်းမျိုး ဖြစ်တာမို့ NLD အစိုးရ အနေနဲ့ ကူညီရမယ့်အစား ...
သတင်း
ချစ်စရာ တပည့် နှင့် ပစ်စရာ တပည့်
စာသင်သားလောက စာသင်သံဃာတို့တွင် တွေ့ကြုံရလေ့ရှိသော စာသင်သားများ အနက် ချစ်ရာကောင်း သူ၊ နှစ်စရာကောင်းသူ ပစ်စရာကောင်းသူများကား နေရာမလွဲ ရှိတတ်ကြပေသည်။ ချစ်စရာကောင်းသူကလည်း အသွင်မျိုးမျိုး ရှိလေသည်. စာကြိုးစားသောကြောင့် ချစ်စရာကောင်းသူ၊ စာတော်ကြောင့် ချစ်ရာကောင်းသူ၊ ထူချွန် ထက်မြက်သောကြောင့်၊ အနေထိုင်ကောင်းသောကြောင့်၊ လိမ္မာသောကြောင့် ချစ်စရာကောင်းသူ စသည်ဖြင့် များစွာ ရှိလေသည်။ ထိုသူတို့သည် ဆရာကောင်းတပည့်များ ဖြစ်သောကြောင့်၊ ဝါသနာပါသူဖြစ်သောကြောင့်၊ ပါရမီရှင် ဖြစ်သောကြောင့် အစရှိသည်ဖြင့် လိမ္မာရည်မွန်ရခြင်း၊ ထူးချွန်ထက်မြက်ရခြင်းတို့၏ အကြောင်းများစွာ ရှိကြပြန်လေ သည်။ ဝါသနာမပါ၊ ပါရမီရှိမဟုတ်၊ ...
သတင်း
မစိုးရိမ်တိုက်သစ် အံသကိုဋ် အလှူတော်
တန်ဆောင်မုန်းလ္ဆုတ် (၁၅)ရက် 7.12.2018 ညနေ (၆း၀၀)နာရီမှာ ကျင်းပပါတယ်၊ သံဃာတော်များ စုပေါင်း ဘုရားဝတ်တက်အပြီးမှာ လှူဒါန်းတာပါ။ သိုးမွှေး အံသကိုဋ်တစ်ထည်စီ လောင်းလှူခြင်းဖြစ်ပါတယ်။ အလှူရှင်များကတော့ ထိုင်နိုငံ၊ မဲဆောက်မြို့ ATA မဟာဖုလဖား သိုးမွှေးစက်ရုံမှ ဖိသော်+ဖိဟွား၊ ကိုမင်း ငြိမ်း+မသင်း သရုပ်ဆောင်နန်းသီတာထွေး၊ စစ်မှန်သော ညီအစ်ကိုများ ဖြစ်ပါတယ်။ ထိုင်နိုငံမှာ ချုပ်လုပ်ပီး မြဝတီမှ တစ်ဆင့် ပေးပို့လှူဒါန်းတာပါ၊ မြဝတီမှ မန်းသို့ ကုသိုလ်ဖြစ် ပို့ဆောင်ပေး သူကတော့ သံသရာခရီးသည်ကြီး ဖြစ်ပါတယ်။ သံသရာခရီးသည်ကြီးဟာ တစ်နိုင်ငံလုံး ...