သတင်း
ပထမဈာန် ရရုံဟာ ဘုရားဥာဏ်အရာ မဟုတ်သေးပါ။
ဒုတိယဈာန် ရရုံဟာ ဘုရားဥာဏ်အရာ မဟုတ်သေးပါ။
တတိယဈာန် ရရုံဟာ ဘုရားဥာဏ်အရာ မဟုတ်သေးပါ။
စတုတ္ထဈာန် ရရုံဟာ ဘုရားဥာဏ်အရာ မဟုတ်သေးပါ။
ရဟန္တာဘဝ ရောက်မှသာ ဘုရားဥာဏ်အရာ အစစ်ပါ။
“၂၀၁၈ တိံသတိမ ဓမ္မသဘင် (ရန်ကုန် လှိုင်သာယာ)”
နတ်တော်လဆန်း (၇)ရက် (၁၄.၁၂.၂၁၀၈)ရက်နေ့ ည(၈း၀၀)နာရီ လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုရပ်ကွက် ၊ သ က မ ၁၊ တိုးချဲ့၊ ဒဂုံဧရာအဝေးပြေးဝန်း မိသားစုနှင့် ဗုဒ္ဓမေတ္တာ ပရဟိတ အဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (ဒုတိယ) အကြိမ်မြောက် အထူးဓမ္မပူဇာ အထူးတရားသဘင်။
(၃၀)ကြိမ်မြောက် တရားပွဲပါ။
စက်ရုံအလုပ်ရုံတွေပေါတဲ့ လှိုင်သာယာမှ အလုပ်သမား အလုပ်သမ အမျိုးအတွေအတွက် ဆောင်ကောင်း လေးတစ်ခုပေးခဲ့ပါတယ်။ နမောတဿ အဆောင်ပါ။ မူလပဏ္ဏာသပါဠိတော် စူဠိဟတ္ထိပဒေါပမ (ဆင်ခြေရာ ဥပမာပြ) သုတ္တန် ဟောကြားခဲ့ပါတယ်။ လက်တွေ့လည်း နမောတဿ တရားထိုင်နည်း (၅)မိနစ် ထိုင်ခိုင်းကာ ဂုဏ်တော်ပွားနည်း ပြပေးခဲ့ပါတယ်။
ပထမဈာန် ရရုံဟာ ဘုရားဉာဏ်အရာ မဟုတ်သေးပါ။
ဒုတိယဈာန် ရရုံဟာ ဘုရားဉာဏ်အရာ မဟုတ်သေးပါ။
တတိယဈာန် ရရုံဟာ ဘုရားဉာဏ်အရာ မဟုတ်သေးပါ။
စတုတ္ထဈာန် ရရုံဟာ ဘုရားဉာဏ်အရာ မဟုတ်သေးပါ။
ရဟန္တာဘဝ ရောက်မှသာ ဘုရားဉာဏ်အရာ အစစ်ပါ။