သတင္း

ျမင္းမူ ေက်ာင္းပႏၷက္ခ်ပြဲ

နတ္ေတာ္လဆန္း(၃)ရက္ (၁၀.၁၂.၂၀၁၈) စစ္ကုိင္းတိုင္း ျမင္းမူၿမိဳ႕ေရဝန္မင္းသားေက်ာင္းမွာ က်င္းပပါတယ္။

ေရဝန္မင္းသား သာမေဏေက်ာ္ စာသင္တုိက္ဖြင့္လွစ္ႏုိင္ဖုိ႔အတြက္ ႏွစ္ထပ္ေက်ာင္းေဆာင္ စတင္ ေဆာက္လုပ္ တာပါ။ ေက်ာင္းဒါယကာ ဒါယိကာမမ်ားကေတာ ့ ဓမၼာရုံ အလွဴရွင္ေတြပါပဲ စစ္ကုိင္းၿမိဳ႕မွာေနပါတယ္။ သံဃာေတာ္ မ်ားက ကမၼဝါရြတ္ဖတ္ၿပီး ေျမသန္႔မဂၤလာျပဳလုပ္ကာ ဇယေႏၱာေဗာဓိယာမူေလ ေအာင္ဂါထာ ရြတ္ဆုိ ေနခ်ိန္မွာ ဒကာမ်ားက ပႏၷက္ ရုိက္ၾကတာပါ။
ေရဝန္မင္းသား ဆရာေတာ္ႀကီးက ကိုရင္မရွိ ေက်ာင္းသားမရွိ ဥဇင္းမရွိဘဲ တစ္ပါးတည္း ေနထုိင္လာရမွ သာမေဏေက်ာ္ စာသင္တုိက္ ဖြင့္ခ်င္လုိ႔ စာေရးသူကို လာေရာက္ အကူညီေတာင္းတဲ့အခါ စာေရးသူက ပဲခူးၿမိိဳ႕ သာမေဏေက်ာ္ စာသင္တုိက္ ဆရာေတာ္ေတြ႕နဲ႕ ခ်ိတ္္ဆက္ေပးခဲ့တာပါ။

ေက်ာင္းေဆာင္ၿပီးေျမာက္တဲ့အခါ ပဲခူးသာမေဏေက်ာ္ ဆရာေတာ္ႀကီး၏ တပည့္(၂)ပါး ေက်ာင္းထုိင္ စာခ်မွာ ျဖစ္ပါတယ္။ သာမဏငယ္ေလးမ်ား လက္ခံၿပီး သာမေဏေက်ာ္မ်ား ေပၚထြန္းေအာင္ ေမြးထုတ္ေပးၾကမွာ ပါ။ ေရဝန္မင္းသားဆရာေတာ္ၾကီး က်န္းမာစြာ စာသင္တုိက္ႀကီးကုိ ေအာင္ျမင္ၿပီးေျမာက္တဲ့အထိ ေဆာင္ရြက္ႏိုင္ပါေစ ဘုရား……….

ဝီရသူ(မစုိးရိမ္)

“မြင်းမူ ကျောင်းပန္နက်ချပွဲ”

နတ်တော်လဆန်း(၃)ရက် (၁၀.၁၂.၂၀၁၈) စစ်ကိုင်းတိုင်း မြင်းမူမြို့ရေဝန်မင်းသားကျောင်းမှာ ကျင်းပပါတယ်။

ရေဝန်မင်းသား သာမဏေကျော် စာသင်တိုက်ဖွင့်လှစ်နိုင်ဖို့အတွက် နှစ်ထပ်ကျောင်းဆောင် စတင် ဆောက်လုပ် တာပါ။ ကျောင်းဒါယကာ ဒါယိကာမများကတော့ ဓမ္မာရုံ အလှူရှင်တွေပါပဲ စစ်ကိုင်းမြို့မှာနေပါတယ်။ သံဃာတော် များက ကမ္မဝါရွတ်ဖတ်ပြီး မြေသန့်မင်္ဂလာပြုလုပ်ကာ ဇယန္တောဗောဓိယာမူလေ အောင်ဂါထာ ရွတ်ဆို နေချိန်မှာ ဒကာများက ပန္နက် ရိုက်ကြတာပါ။
ရေဝန်မင်းသား ဆရာတော်ကြီးက ကိုရင်မရှိ ကျောင်းသားမရှိ ဥဇင်းမရှိဘဲ တစ်ပါးတည်း နေထိုင်လာရမှ သာမဏေကျော် စာသင်တိုက် ဖွင့်ချင်လို့ စာရေးသူကို လာရောက် အကူညီတောင်းတဲ့အခါ စာရေးသူက ပဲခူးမြို့ သာမဏေကျော် စာသင်တိုက် ဆရာတော်တွေ့နဲ့ ချိတ်ဆက်ပေးခဲ့တာပါ။

ကျောင်းဆောင်ပြီးမြောက်တဲ့အခါ ပဲခူးသာမဏေကျော် ဆရာတော်ကြီး၏ တပည့်(၂)ပါး ကျောင်းထိုင် စာချမှာ ဖြစ်ပါတယ်။ သာမဏငယ်လေးများ လက်ခံပြီး သာမဏေကျော်များ ပေါ်ထွန်းအောင် မွေးထုတ်ပေးကြမှာ ပါ။

ရေဝန်မင်းသားဆရာတော်ကြီး ကျန်းမာစွာ စာသင်တိုက်ကြီးကို အောင်မြင်ပြီးမြောက်တဲ့အထိ ဆောင်ရွက်နိုင်ပါစေ ဘုရား……….

ဝီရသူ(မစိုးရိမ်)