သတင်း
၁၀၊ ၁၂၊ ၂၀၁၈
တာဝန်တွေ ပြီးဆုံးတော့မှာလား
မန်း-မဟော်သဓာကိစ္စ ပြင်းထန်လာရင် ပြည်သူတွေ ပေါက်ကွဲတော့မယ်လို့ သုံးသပ်နေကြပါတယ်။
အခြေခံဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသော်လဲ ဗုဒ္ဓဘာသာကို အခြားဘာသာတွေနဲ့ တန်းတူထားလို့ မဖြစ်နိုင်ဘဲ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများကသာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ရမယ်လို့
ဦးသိန်းစိန် နိုင်ငံတော်သမ္မတ (ငြိမ်း)ကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မဟာဂန္ဓာရုံအလှူလာစဉ်မှာ ပြောသွားပါတယ်။
မဟော်သဓာကျောင်းဆိုတာ လောကီပညာရေးအပြင် ဘာသာသာသနာယဉ်ကျေးမှု အမွေအနှစ်တွေကိုပါ ထိန်းသိမ်းစောင့်ရှောက်ဖို့ သင်ပေးတာဖြစ်လို့ အခြေခံလူတန်းစား ကလေးတွေအပြင် စစ်ဗိုလ်ချုပ်သားသမီးတွေနဲ့ သူဌေးသူကြွယ်သားသမီးတချို့ပါ တက်ရောက်နေတဲ့ ကျောင်းမျိုး ဖြစ်တာမို့ NLD အစိုးရ အနေနဲ့ ကူညီရမယ့်အစား ဟန့်တားနေရင်တောင် ဆက်လက်ဆောက်မယ်လို့ ဆရာတော်ဦးဝီရသူ က ပြတ်ပြတ်သားသား ပြောထားပါတယ်။
တပ်မတော်ထောက်ခံပွဲတွေ မြို့အသီးသီးမှာ ခပ်စိပ်စိပ် ဖြစ်လာတာကလဲ လက်ရှိအစိုးရ စိုးရိမ်စရာဖြစ်လောက်တဲ့ အနေအထားမျိုးမှာ
အများသုံးသပ်သလို ပေါက်ကွဲတော့မှာလား၊
တာဝန်တွေ တကယ် ပြီးဆုံးတော့မှာလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ။
၁၀၊ ၁၂၊ ၂၀၁၈
https://www.facebook.com/100023036917377/posts/343801..