သတင်း

အလ္လကပ္ပ တပည့်ကျော်များနှင့် တွေ့ဆုံပွဲ

23.1.2018 ရက်နေ့ ညဦးပိုင်းမှာပဲ မြင်းမူမြို့နယ် အလ္လကပ္ပရွာ မိုးကောင်းကျောင်းတိုက် ရဟန်းပျိုများနှင့် စကားပြောဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော်လေး အရှင်ပါကဋဓဇက မိုးကုတ်မစိုးရိမ်ကျောင်းသားဟောင်းပါ။ ဓမ္မာစရိယနှစ်ကျမ်းအောင်ပြီးမှ ကျောင်းထိုင်တာပါ။

ကျောင်းထိုင်ဆရာတော်လေး အရှင်ပါကဋနှင့်အတူ ရဟန်းလောင်း ရှင်အဂ္ဂဝံသတို့ ဦးဆောင်ကာ အာဂန္တုရဟန်းပျိုများက သြဝါဒခံယူခြင်းပါပဲ။ ရဟန်းလောင်းရှင်အဂ္ဂဝံသက နိုင်ငံကျော်ဓမ္မကထိက ဓမ္မဓရဝါဆိုကျောင်းဆရာတော် ဒေါက်တာအရှင်ကုမာရ၏ တပည့်အရင်းပါ။

ဒေါက်တာအရှင်ကုမာရ၏ မွေးနေ့တိုင်းမှာ စာရေးသူ ရောက်ဖြစ်သော်လည်း အခမ်းအနားမှာဖြစ်လို့ စကားကြာကြာ ပြောခွင့်မရတာကြောင့် စကားပြောဖြစ်အောင် အလ္လကပ္ပမှာပဲ ညအိပ်ပေးလိုက်ပါတယ်။ တော်တော်ကြာကြာဆွေးနွေးကြပါတယ်။
သူတို့မေးတာတွေလည်း ဖြေခဲ့ပါတယ်။ အစ္စလာမ်မိုက်ဇေးရှင်းအကြောင်းတွေရော အမျိုးသားရေးနိုင်ငံရေး အကြောင်းတွေပါ အေးအေးဆေးဆေး ဆွေးနွေးဖြစ်တာပါ။

အာဂန္တုတွေက သာမဏေကျော်ဘွဲ့ရတွေလည်း ပါပါတယ်။ ရဟန်းလောင်းရှင်အဂ္ဂဝံသ၏ ကလောင်အမည်က ရှင်မြတ်နွယ်ဖြစ်ပါတယ်။ အနာဂတ်မှာ အမျိုး ဘာသာ သာသနာအတွက် အားကိုးရမည့် အမျိုးသားရေးကြယ်ပွင့်လေးတွေ ထွန်းတောက်လာနိုင်ပါစေကြောင်း။

ဝီရသူ(မစိုးရိမ်)
27.1.2018
PM 4:52