သတင်း

မဘသအဖွဲ့ဟာ တရားမဝင်ကြောင်း မဟနက ထုတ်ပြန်ထားတယ်

မဘသအဖွဲ့ဟာ တရားမဝင်ကြောင်း မဟနက ထုတ်ပြန်ထားတယ်

အရင်အစိုးရလက်ထက်က တရားဝင်တယ်
ခုအစိုးရလက်ထက်မှာ တရားမဝင်တာ
(ထူးဆန်းလွန်းပေစွ)

15.7.2017 နောက်ဆုံးထားပြီး ဆိုင်းဘုတ်တွေ ဖြုတ်ရမတဲ့

14.7.2017 သတင်းမှာ ဆိုင်းဘုတ်တွေ မဖြုတ်ရင် မလွှဲမရှောင်သာ အာဏာစက်နဲ့ အရေးယူရပါမယ် ဆိုပဲ

အာဏာစက်ဆိုတော့ ဘယ်လိုအာဏာစက်ပါလိမ့်

စွမ်းအာရှင်လိုလူတွေ မြောက်မြားစွာသုံးပြီး ဝုန်းဒိုင်းကြဲ အကြမ်းဖက်ဖြိုခွင်းမှာလားမသိ

ဒီမိုကရေစီမှာ တည်ဆဲဥပဒေကို မဆန့်ကျင်ဘဲ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုကို

မဟနက ဘောင်မဝင်တဲ့ ထုတ်ပြန်ကြေငြာချက်တစ်ခုလောက်ကို လက်ကိုင်ထားပြီး တစ်ဖက်သတ် ဖြိုခွင်းလို့ရပါသလား သိချင်တယ်

ဆိုင်းဘုတ်မဖြုတ်လို့ မကျေနပ်ရင် တရားစွဲလိုက်ပေါ့

ဒီနေရာမှာ လူ့အခွင့်အရေး အပိုဒ် ၁၁ ကို ပြောပြချင်တယ်

တရားရုံးက ပြစ်မှုထင်ရှား စီရင်ခြင်း မပြုမီအချိန်ထိ အပြစ်မဲ့တယ်လို့ မှတ်ယူရမယ်ဆိုတာ လူ့အခွင့်အရေး အပိုဒ် ၁၁ မှာ အတိအလင်း ပြောပြီးသား

အဲဒီတော့ တရားစွဲလို့ တရားနိုင်ရင်တော့ ဆိုင်းဘုတ်ဖြုတ်ဖို့ လုပ်ကြပေါ့

တရားရုံး ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လာဖြုတ်လို့ကတော့ မဘသဘက်ကလဲ တရားစွဲလို့ရနေတယ်ဆိုတာ သိထားသင့်တာပေါ့

မြန်မာပြည်မှာ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေးဆိုတာ ဘယ်သူ့လက်အောက်မှာမှ မရှိဘူးနော်

  

သွေးသစ်စိုး 15.7.2017