သတင်း

မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖိတ်ကြားလွှာ

မြန်မာနိုင်ငံတော်ကြီး အန္တရာယ်ကင်း၍ ငြိမ်းချမ်းသာယာစေရန် မိုးထိမိုးမိရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေးအဖွဲ့ကြီးမှ မတည်လှူဒါန်းမှုဖြင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့(ဗဟို)တို့မှ ပူးပေါင်းကျင်းပအပ်သော ပထမအကြိမ် မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကြီးကို တစ်ဖက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်အားပေးနိုင်ပါရန် လေးစားစွာလျှောက်ထား/ဖိတ်ကြားအပ်ပါသည်။


မဟာမင်္ဂလာအခမ်းအနားကြီး ဖြစ်မြောက်ရေးကော်မတီ
မင်္ဂလာအခမ်းအနားအစီအစဉ်
နေ့ရက်(အစ-အဆုံး)-၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်နေ့မှ နတ်တော်လပြည့်နေ့အထိ (27.11.2017မှ 3.12.2017 အထိ)
အခမ်းအနားအဖွင့်-နံနက်(၉း၀၀)နာရီ ၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်နေ့။ 27.11.2017(တနင်္လာနေ့)။
အောင်ပွဲ-နေ့လယ်(၂း၀၀)နာရီ၊ ၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်နေ့။ 3.12.2017(တနင်္ဂနွေ)။
တစ်ကြိမ်လျှင် သံဃာတော်အပါး(၉၀)ဖြင့် ပူဇော်မည်ဖြစ်ပြီး စုစုပေါင်း ပဋ္ဌာနဘာဏက သံဃာတော်အပါး (၉၀၀)ဖြစ်ပါသည်။
သံဃာတော်အပါး(၁၀၀၀၀)မဟာသံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး
၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ညနေ(၃)နာရီ၊ တနင်္ဂနွေနေ့။
နေရာ-ဥပ္ပါတသန္တ စေတီတော်မြတ်ကြီး အရှေ့ဘက်ရင်ပြင်တော်၊ နေပြည်တော်။