သတင်းအင်တာဗျူး

ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ချယ်လာမှာ(၁)

(ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်းခြင်း)
မေး – ရန်ကုန်က မြို့နယ် ၁၁ ခုမှာ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖော်ခွင့်မပေးတာနဲ့ပတ်သက်ပြီးဘယ်လို မြင်လဲပါသလဲဘုရား။

ဖြေ – တဖြည်းဖြည်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်သလိုမျိုး ဆက်လုပ်သွားဖို့ ခြေလှမ်းတွေ လှမ်းလာတဲ့သဘောပါပဲ။
ဒါတွေကို ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ခြယ်လာမှာပေါ့ကွာ။

မေး -ချုပ်ခြယ်မှုဆိုလို့ တစ်နေ့က သတင်းတစ်ပုဒ်အကြောင်း ပြည့်ပြည့်စုံစုံလေးပြန်ပြောချင်ပါတယ်ဘုရား။ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ“လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ရပ်ရွာ
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်း နိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း” အဆိုတခုကို
ဝန်ကြီးဌာန၏ ထောက်ခံချက်နဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်ဘုရား။
အဆိုရှင်က ဂန့်ဂေါမြို့နယ် ပြည်သူ့ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က“ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်၊ ဝန်ကြီး ဌာနရဲ့ တင်ပြချက်တွေအရ အခွန်ကောက်ဖို့ မဟုတ်ဘူး။ လူတွေရဲ့ လွတ်လပ်ခွင့်ကို
ထိပါးဖို့ မဟုတ်ဘူး။ သတင်းရယူပိုင်ခွင့်ကို ထိပါးဖို့ မဟုတ်ဘူး။ သတင်း မှားတွေ၊ အမုန်းစကား ဖြန့်ချိမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော် မှုတွေကိုပဲ ထိန်းကျောင်းသွားမှာ ဖြစ်တယ်ဆိုတာကို သိရှိသွားမှာ
ဖြစ်ပါတယ်”လို့လည်း ပြောခဲ့တယ်လို့ဆိုပါတယ်။ Facebook နဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းအမှားများ တင်ပြနေတာ၊ အမုန်းစကားတွေပြောနေကြတာ၊ ဘာသာရေး လူမျိုးရေး လှုံ့ဆော်နေကြတာတွေကိုကို
အဖွဲ့တခု ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စောင့်ကြည့် ထိန်းကျောင်းသွားမည်လို့လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ပို့။ဆက်) ဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူ့လွှတ်တော်မှာ ပြောသွားတယ်။
တပည့်တော်သိချင်တာက အမုန်းစကားဆိုတာကို အရှင်ဘုရားအနေနဲ့ ဘယ်လိုအဓိပါယ်ဖွင့်မလဲဘုရား။

ဖြေ – ဦးဇင်းအနေနဲ့ပြောရရင်တော့ အမုန်းစကားဆိုတာ သွေးခွဲစကားတွေပေါ့နော်။ ဆိုကြပါစို့၊ တပ်မတော်နဲ့ ပြည်သူနဲ့သွေးခွဲနေတာမျိုးတွေပေါ့၊ အဲဒါမျိုးတွေဆိုရင် အချက်အလက်ပေါ်ကြည့်ပြီး
ဆုံးဖြတ်လို့ရတာပေါ့။ အချက်အလက်ကမဟုတ်ဘူး၊ အချက်အလက်တွေမပါဘဲနဲ့ တပ်မတော်ကို ပြည်သူတွေက ယုံကြည်မှု မရှိအောင်လုပ်တယ်ဆိုရင် ဒါကို အမုန်းစကားလို့ပြောလို့ရတာပေါ့။
အချက်အလက်တွေနဲ့ထောက်ပြပြီးတော့ တပ်မတော်ကို ကောင်းစေချင်လို့၊ ဝေဖန်ထောက်ပြတာမျိုးဆိုရင်တော့ အမှန်တရားလို့ ပြောရမှာပေါ့။
အမုန်းစကားနဲ့ အမှန်တရားကို လွှတ်တော်က မကွဲပြားဘူးဖြစ်နေတာလည်း ပါလိမ့်မယ်ထင်ပါတယ်။
နောက်တစ်ခုက အမုန်းတရားကို အကြောင်းပြပြီး သူတို့ပါတီကို ဝေဖန်တာတွေ၊ သူတို့ခေါင်းဆောင်ကို ဝေဖန်တာတွေကို ထိန်းချုပ်ချင်တဲ့သဘောပါပဲ။
တကယ့်စိတ်ရင်းမှန်နဲ့ စာရတ္တတွေကိုထိန်းကျောင်းပေးချင်တယ်ဆိုရင် လွှတ်တော်အမတ်တွေ အစိုးရအကြီးအကဲတွေနဲ့ ပါတီဝင်တွေထဲက အနံ့တစ်ထောင်းထောင်ထွက်နေတာတွေကို အရင်ပြုပြင်ရမှာကွ။
နောက်တစ်ခုကတော့ သူတို့အမျိုးတွေကို အကာအကွယ်ပေးချင်လို့ ဒီခေါင်းစဉ်နဲ့လှည့်လာတာဖြစ်မယ်။
နိုင်ငံရေးသမားတွေ လုပ်လေ့လုပ်ထရှိတဲ့အတိုင်းပါပဲ။
ဆိုင်းဘုတ်လှလှလေးတွေပြပြီး ကြောက်စရာစီမံကိန်းကြီး ဖော်ဆောင်မည့်အခြေအနေပေါ့နော်။

မေး- Facebook ပေါ်မှာရော တကယ်ပဲ အမုန်းတရားတွေပြည့်နှက်နေသလားဘုရား။

ဖြေ – အမုန်းတရားဆိုတာထက် ယဉ်ကျေးမှုနဲ့မညီနဲ့ အရေးအသားတွေ ရှိတာပေါ့နော်။ Facebook ဆိုတာတော့ လူတန်းစားမျိုးစုံဆိုတော့
တစ်ယောက်ယောက်ကို မကျေနပ်လည်း င်္ခေနဘသသု ပေါ်တင်ပြီးတော့ ဆဲဆိုနေတာတွေ ရှိတာပေါ့နော်။ အဲဒါတွေကို တစ်နည်းနည်းနဲ့ ထိန်းချုပ်လို့ရပါတယ်။
ဒါပေမယ့် ဆရာတော် သံဃာတော်တွေကို အကြည်ညိုပျက်အောင် လုပ်နေတာတွေ၊ ဆရာတော်သံဃာတော်တွေပုံတွေကို ဖျက်လိုဖျက်ဆီးလုပ်နေတာတွေ၊
ညစ်ညစ်ညမ်းညမ်း သရုပ်ပျက်အောင် ပုံဖော်ထားတာတွေ ဒါတွေကို အရေးယူဆောင်ရွက်မယ့် ပုံစံမျိုး ရှိဟန်မတူပါဘူး။ သူတို့ကတော့
အမုန်းတရားဆိုတာကို အကြောင်းပြပြီးတော့ အာဏာတည်မြဲရေးအတွက် စီမံကိန်းကြီးတသ်ခု ချမှတ်လိုက်တဲ့သဘောပါပဲ။

မေး – ရခိုင်ကိစ္စလည်း မေးချင်ပါတယ်ဘုရား။ ရခိုင်ပြည်နယ်အတွင်းNational Verification Card (NVC)တွေး လုပ်ဆောင်ပေးတဲ့နေရာမှာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသူတွေ
ဆက်တိုက် အသတ်ခံနေရပြီး သုံးလအတွင်း အသတ်ခံရသူ ၁၈ ဦးအထိ ရှိပြီလို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ပြောထားပါတယ်ဘုရား။
ရခိုင်အရေးလေ့လာနေသူတွေကတော့ ခိုးဝင်ဘင်္ဂါလီတွေဟာ နိုင်ငံသားလိုချင်တာမဟုတ်ဘူး၊ လွတ်လပ်စွာ သွားလာခွင့်လိုချင်တာမဟုတ်ဘူး၊ လူ့အခွင့်အရေးလိုချင်တာမဟုတ်ဘူး၊
သီးခြား မွတ်ဆလင်နယ်မြေလိုချင်တာလို့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ အရှင်ဘုရားအနေနဲ့ကော ဘယ်လိုသုံးသပ်လဲ။

ဖြေ – သီးခြားမွတ်ဆလင်နိုင်ငံ ထူထောင်ဖို့အတွက်ပဲ ၁၉၄၂ ပထမဆုံး လူမျိုးတုံးသတ်ဖြတ်မှုကြီး ရခိုင်တွေအပေါ်ဘင်္ဂါလီတွေက ကျူးလွန်ခဲ့ကြတယ်။
အဲဒီ မတိုင်ခင်ကတည်းကိုက ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ တွေ့ဆုံပြီး ဒါတွေကိုတောင်းဆိုခဲ့ကြသေးတယ်လေ။ ဗိုလ်ချုပ်အောင်ဆန်းကောင်းလို့၊
ပြီးတော့ မိုဟာမက်အလီဂျင်းနားတို့လိုပါကစ္စတန်နိုင်ငံကို ထူထောင်တဲ့ မွတ်ဆလင်ခေါင်းဆောင်ကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြေလည်လို့ ရခိုင်ပြည်က အခုချိန်ထိ ကျန်နေခဲ့တာပေါ့နော့။
သူတို့တွေက မွတ်ဆလင်နိုင်ငံထူထောင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြံစည်နေကြတယ်ဆိုတာ သမိုင်းအထောက်အထားအရကော၊ လက်တွေ့မြေပြင်အခြေအနေအရရောဘယ်သူမှ၊ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။

မေး- NLDအစိုးရရဲ့ တာဝန်ယူတဲ့ နှစ်နှစ်သက်တမ်းအချိန်မှာ ကောင်းတဲ့ဟာတစ်ခု ဒါမှမဟုတ် အရှင်ဘုရား အားရတဲ့ဟာတစ်ခု ဆိုရင်ဘာဖြစ်မလဲဘုရား။

ဖြေ – NLDအစိုးရကို ထောက်ခံတဲ့ပွဲတွေလည်းလုပ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲတွေလည်းလုပ်တယ်။ သူတို့ ဘယ်အချက်ကို ထောက်ခံတာလဲဆိုတာကို
ဘယ်လိုမှကို ရှာဖွေလို့မရဘူးဖြစ်နေတာပေါ့နော်။ ဦးဇင်းလည်း ထောက်ခံချင်တယ်။ ဘယ်အချက်ကို ထောက်ခံရမလဲဆိုတာကို ရှာတယ်။ လုံးဝကို မတွေ့ဘူးဖြစ်နေတာပေါ့။

မေး – ရခိုင်အရေးနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်တယ်ပေါ့ဘုရား။ ဒီကြေညာချက်က တစ်ဖက်သတ်ကြေညာချက်ဖြစ်ပြီး အုပ်စုဖွဲ့အနိုင်ကျင့်တဲ့သဘောတွေလည်း
ပါနေတယ်ပေါ့ဘုရား။ အဲဒီလို အခြေအနေမှာ အင်အားနည်းနေသေးတဲ့ မြန်မာပြည်က ဖိအားဒဏ်တွေ ဘယ်လိုကာကွယ်မလဲ။ အနောက်နိုင်ငံတွေ လွှမ်းမိုးဖို့၊ ခြယ်လှယ်ဖို့ ကြိုးစားနေတဲ့ အခြေအနေတွေကြားမှာ
ဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲအောင် ဘာတွေလုပ်သင့်လဲ။

ဖြေ – အဲဒါကတော့ Freedom From Fear လို့ပြောရမှာပေါ့နော်။ ဖိအားကိုကြောက်နေတာလည်း အကြောက်တရားပဲလေ။ အဲဒီ ဖိအားကြီးကို တော်လှန်ရဲတဲ့သိတ္တိရှိရမယ်။
ကိုယ့်နိုင်ငံဘယ်လောက်ပဲငယ်ငယ် ကိုယ့်နိုင်ငံက မှန်တယ်ဆိုလို့ရှိရင် ကုလသမဂ္ဂကိုလည်း တော်လှန်ရဲရမယ်လေ။ ဥပမာ ဖိလစ်ပိုင်တို့ အစ္စရေးတို့လို ပုံစံမျိုးဖြစ်ရမှာပေါ့။
နောက်တစ်ချက်ကျတော့ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကိုယ်ပိုင်စိုးတာပဲ၊ ကိုယ့်နိုင်ငံရဲ့ ဥပဒေအတိုင်း လုပ်ခွင့်ရှိတာပဲလေ။ အဲတော့ စင်္ကာပူနိုင်ငံသေးသေးလေးဆိုရင်
ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာရင် ဘယ်လူမျိုးကို မညှာဘူး၊ ဥပဒေအရ ထိထိရောက်ရောက်အရေးယူတာပေါ့နော်။ အဲဒီလို အရေးယူရဲတဲ့သတ္တိရှိရမယ်ကွာ။
ဒီ သတ္တိတစ်ခုတည်းနဲ့ ပြည့်စုံပါပြီ။ နောက်ဆုံး ဒီလိုအရေးယူလို နိုင်ငံတကာက ပိတ်ဆို့လို့ ငတ်လည်း ငတ်စမ်းပါစေကွာ။ အဲဒါမျိုး ငတ်တာကို ကျေကျေနပ်နပ်ကြီး ခံယူသွားမယ်။ အသေခံသွားမယ်ပေါ့ကွာ။
(ဆက်လက်ဖော်ပြပါမည်။)
ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။