သတင္း

မီးမရွိ ေရရွား တရားပြဲ (သုိ႔) ၂၀၁၈ ပဥၥမဓမၼသဘင္ (ရွမ္း/ေတာင္ ဖယ္ခုံ)

တန္ခူးလဆန္း(၅)ရက္ 22.3.2018 ည ၇း၀၀ နာရီ ရွမ္းျပည္နယ္ေတာင္ပုိင္း ဖယ္ခုံၿမဳိ႕နယ္ ရီႏြဲ႕ေက်းရြာအုပ္စု အေနာက္ကယန္းေဒသ ေထရဝါဒ ဗုဒၶသာသနာႏုဂၢဟ အသင္းႀကီး ပထမအႀကိမ္ ညအထူးတရားပြဲ။ ရွမ္းျပည္နယ္ေတာင္ပုိင္းအစြန္ဆုံးရြာေလးပါ။

ကယန္းတုိင္းရင္းသားမ်ား ေနထုိင္ရာ ကုန္းငူးရြာငယ္ေလးပါ။ ဗမာစကား နည္းနည္းပါးပါးပဲေျပာတတ္ေသာ္လည္း ဗမာစကားေတာ့ အျပည့္အဝ နားလည္ၾကပါတယ္။ ရွားရွားပါးပါး တရားပြဲဆုိလုိ႔ သုံးႀကိမ္ပဲ က်င္းပဖူးေသးတဲ့ ရြာေလးပါ။
ဟိတဓရဆရာေတာ္ မ်ဳိးခ်စ္ၾကယ္တစ္ပြင့္ဆရာေတာ္ စာေရးသူရယ္ ဒီေလာက္ပါပဲ။

ဒါေပမဲ့ တုိင္းရင္းသားမ်ားပီပီ ဘာသာတရားကုိေတာ့ အေလးအနက္ထားၾကပါတယ္။ အနီးအနားရွိ ေက်းရြာမ်ားမွ လာေရာက္နာယူၾကတာေတြလည္း ရွိပါတယ္။ ရယ္စရာေတြပါရင္ အားရပါးရ ရယ္တတ္ၾကပါတယ္။ လာပင့္တဲ့ဦးဇင္းေလးကေတာ့ မီးလည္းမရွိ ေရလည္းရွားတဲ့ရြာမွာေဟာရမွာလုိ႔ ေလွ်ာက္ထားပါတယ္။

အင္မတန္ဆန္းက်ယ္တဲ့ ရြာေလးပါ။ လွ်ပ္စစ္မီးလည္းမရွိ၊ ေရတြင္းတူးလုိ႔လည္းမရ၊ စမ္းေခ်ာင္းေတြ ျမစ္ေတြလည္း မရွိ၊ ေတာင္က်ေရလည္းမရွိ မုိးရြာတဲ့အခါ မုိးေရမ်ားကုိ ကုိယ္စီကုိယ္စီ ေရကန္ေတြနဲ႔ သုိေလွာင္ထားၿပီး မုိးေရကုိပဲ ခ်ဳိးေရ ေသာက္ေရ သုံးေရအျဖစ္ အမွီျပဳၾကရတဲ့ရြာေလးပါ။

ရြာသူရြာသားေတြအားလုံး ေရမီးအျပည့္အစုံနဲ႔ ေအးခ်မ္းသာယာ ရွိၾကပါေစ။ အမ်ဳိးသားေရးတရားေတာ္ ေဟာၾကားခဲ့ပါတယ္။

 

“မီးမရှိ ရေရှား တရားပွဲ (သို့) ၂၀၁၈ ပဉ္စမဓမ္မသဘင် (ရှမ်း/တောင် ဖယ်ခုံ)”

တန်ခူးလဆန်း(၅)ရက် 22.3.2018 ည ရး၀၀ နာရီ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စု အနောက်ကယန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာနုဂ္ဂဟ အသင်းကြီး ပထမအကြိမ် ညအထူးတရားပွဲ။

ရှမ်းပြည်နယ်တောင်ပိုင်းအစွန်ဆုံးရွာလေးပါ။ ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ကုန်းငူးရွာငယ်လေးပါ။ ဗမာစကား နည်းနည်းပါးပါးပဲပြောတတ်သော်လည်း ဗမာစကားတော့ အပြည့်အဝ နားလည်ကြပါတယ်။ ရှားရှားပါးပါး တရားပွဲဆိုလို့ သုံးကြိမ်ပဲ ကျင်းပဖူးသေးတဲ့ ရွာလေးပါ။

ဟိတဓရဆရာတော် မျိုးချစ်ကြယ်တစ်ပွင့်ဆရာတော် စာရေးသူရယ် ဒီလောက်ပါပဲ။ ဒါပေမဲ့ တိုင်းရင်းသားများပီပီ ဘာသာတရားကိုတော့ အလေးအနက်ထားကြပါတယ်။ အနီးအနားရှိ ကျေးရွာများမှ လာရောက်နာယူကြတာတွေလည်း ရှိပါတယ်။

ရယ်စရာတွေပါရင် အားရပါးရ ရယ်တတ်ကြပါတယ်။ လာပင့်တဲ့ဦးဇင်းလေးကတော့ မီးလည်းမရှိ ရေလည်းရှားတဲ့ရွာမှာဟောရမှာလို့ လျှောက်ထားပါတယ်။ အင်မတန်ဆန်းကျယ်တဲ့ ရွာလေးပါ။

လျှပ်စစ်မီးလည်းမရှိ၊ ရေတွင်းတူးလို့လည်းမရ၊ စမ်းချောင်းတွေ မြစ်တွေလည်း မရှိ၊ တောင်ကျရေလည်းမရှိ မိုးရွာတဲ့အခါ မိုးရေများကို ကိုယ်စီကိုယ်စီ ရေကန်တွေနဲ့ သိုလှောင်ထားပြီး မိုးရေကိုပဲ ချိုးရေ သောက်ရေ သုံးရေအဖြစ် အမှီပြုကြရတဲ့ရွာလေးပါ။

ရွာသူရွာသားတွေအားလုံး ရေမီးအပြည့်အစုံနဲ့ အေးချမ်းသာယာ ရှိကြပါစေ။ အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။