သတင္းေလာကအလင္းပညာဒါနေက်ာင္း

ေလာကအလင္း ဒုတိယအႀကိမ္ ယဥ္ေက်းလိမၼာသင္တန္းဆင္းပြဲ

တန္ခူးလဆန္း (၁၁)ရက္ 27.3.2018ရက္ေန႔ မနက္ ၉း၀၀ နာရီ ေလာကအလင္း ပညာဒါနစာသင္ေက်ာင္းမွာ က်င္းပပါတယ္။ ေႏြရာသီ ယဥ္ေက်းလိမၼာသင္တန္းဆင္းပြဲပါ။ ေက်ာင္းအုပ္ဆရာႀကီးဦးျမင့္ႏွင့္အတူ ဆရာဆရာမမ်ား မိဘျပည္သူမ်ား တက္ေရာက္ၾကပါတယ္။

သင္တန္းသူ သင္တန္းမ်ား ေက်ာင္းသူ ေက်ာင္းသားေလးမ်ား ေပ်ာ္ေပ်ာ္ပါးပါး စိတ္ဝင္စားၾကပါတယ္။ အတန္းအလုိက္ ထူးခၽြန္ဆု သုံးဆုစီ ခ်ီးျမွင့္ပါတယ္။ ထူးခၽြန္ဆုေပါင္း ၉ ဆုပါ။ စာေမးပြဲေျဖခုိင္းၿပီးမွ ထူးခၽြန္ဆုေပးတာပါ။ ကေလးငယ္ေတြကုိေတာ့ ႏႈတ္တုိက္ ခ်ေပးတာေတြကုိ အလြတ္ျပန္ဆုိေျဖခုိင္းပါတယ္။

ကေလးေသးေသးေလးတစ္ေယာက္ကေတာ့ အလိမၼာဆုံး အယဥ္ေက်းဆုံးဆုရရွိသြားပါတယ္။ ဒီသင္တန္းကုိ ေလာကအလင္းပညာဒါန အဂၤလိပ္စာ၊ ျမန္မာစာ သင္ေပးၾကေသာ ဦးပဥၥင္းဦးသုမနႏွင့္ ဦးေဝပုလႅတုိ႔က ဦးေဆာင္ သင္ၾကားေပးတာပါ။
ေလာကအလင္းမွ ဆယ္တန္းေအာင္ျမင္ခဲ့သည့္ ေက်ာင္းသား ေက်ာင္းသူေဟာင္းမ်ားကလည္း ဝန္းရံအားျဖည့္ၾကပါတယ္။
ဒီသင္တန္းဟာ ဒုတိယအႀကိမ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ပထမအႀကိမ္ ျဖစ္ပါတယ္။

ဒီသင္တန္းေအာင္ျမင္တဲ့သူမ်ား မန္း မဘသအဖြဲ႕ကက်င္းပသည့္ တုိင္းအဆင့္ ယဥ္ေက်းလိမၼာစာေမးပြဲမ်ားကုိ ဆက္လက္ေျဖဆုိသြားၾကမွာပါ။ ဒီႏွစ္ေက်ာင္းသူ ေက်ာင္းသားေလးေတြအတြက္ ဒန္းစင္ေလးႏွစ္ခု လုပ္ေပးထားပါတယ္။ တစ္ခုကေတာ့ အလုအယက္စီးၾကလုိ႔ က်ဳိးသြားတာနဲ႔ျပန္ျပင္ေပးထားပါတယ္။ အနာဂတ္ရဲ႕ မ်ဳိးဆက္သစ္ေလးမ်ား လူေကာင္း လူေတာ္ လူလိမၼာ လူယဥ္ေက်းေလးမ်ား ျဖစ္ႏုိင္ၾကပါေစ။

 

“လောကအလင်း ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ”

တန်ခူးလဆန်း (၁၁)ရက် 27.3.2018ရက်နေ့ မနက် ၉း၀၀ နာရီ လောကအလင်း ပညာဒါနစာသင်ကျောင်းမှာ ကျင်းပပါတယ်။ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲပါ။ ကျောင်းအုပ်ဆရာကြီးဦးမြင့်နှင့်အတူ ဆရာဆရာမများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။

သင်တန်းသူ သင်တန်းများ ကျောင်းသူ ကျောင်းသားလေးများ ပျော်ပျော်ပါးပါး စိတ်ဝင်စားကြပါတယ်။ အတန်းအလိုက် ထူးချွန်ဆု သုံးဆုစီ ချီးမြှင့်ပါတယ်။ ထူးချွန်ဆုပေါင်း ၉ ဆုပါ။ စာမေးပွဲဖြေခိုင်းပြီးမှ ထူးချွန်ဆုပေးတာပါ။ ကလေးငယ်တွေကိုတော့ နှုတ်တိုက် ချပေးတာတွေကို အလွတ်ပြန်ဆိုဖြေခိုင်းပါတယ်။

ကလေးသေးသေးလေးတစ်ယောက်ကတော့ အလိမ္မာဆုံး အယဉ်ကျေးဆုံးဆုရရှိသွားပါတယ်။ ဒီသင်တန်းကို လောကအလင်းပညာဒါန အင်္ဂလိပ်စာ၊ မြန်မာစာ သင်ပေးကြသော ဦးပဉ္စင်းဦးသုမနနှင့် ဦးဝေပုလ္လတို့က ဦးဆောင် သင်ကြားပေးတာပါ။

လောကအလင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူဟောင်းများကလည်း ဝန်းရံအားဖြည့်ကြပါတယ်။
ဒီသင်တန်းဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပထမအကြိမ် ဖြစ်ပါတယ်။ ဒီသင်တန်းအောင်မြင်တဲ့သူများ မန်း မဘသအဖွဲ့ကကျင်းပသည့် တိုင်းအဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲများကို ဆက်လက်ဖြေဆိုသွားကြမှာပါ။ ဒီနှစ်ကျောင်းသူ ကျောင်းသားလေးတွေအတွက် ဒန်းစင်လေးနှစ်ခု လုပ်ပေးထားပါတယ်။

တစ်ခုကတော့ အလုအယက်စီးကြလို့ ကျိုးသွားတာနဲ့ပြန်ပြင်ပေးထားပါတယ်။ အနာဂတ်ရဲ့ မျိုးဆက်သစ်လေးများ လူကောင်း လူတော် လူလိမ္မာ လူယဉ်ကျေးလေးများ ဖြစ်နိုင်ကြပါစေ။