မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း(နဂါးနီစုဘူးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော နဂါးနီစုဘူးအသင်းအတွက် ခရမ်းမြို့နေ ဒေါ်စန်းစန်းအေး မိသားစုက ၁၃၇၈ ခု (၁)နှစ်စာ အလှူငွေ (၂၄၀၀၀၀)ကျပ် လှူဒါန်းရာ မစိုးရိမ်တိုက်ကြီး သဒ္ဓမ္မနယူပဒေသကျောင်းမှ ဦးဥတ္တရအရှင်မြတ်က လာရောက်ဆက်ကပ်လှူဒါန်းစဉ်။(23.9.2017)

ဒေါ်စန်းစန်းအေးမိသားစုသည် နဂါးနီစုဘူးအသင်းအား ၂၀၁၄ ဧပြီလမှစ၍ လစဉ် တစ်လလျှင် (၂)သောင်းကျပ် လှူဒါန်းခဲပြီး ၂၀၁၅/၂၀၁၆/၂၀၁၇ ခုနှစ်တို့၌ တစ်နှစ်စာအလှူငွေ ၂၄၀၀၀၀(နှစ်သိန်းလေးသောင်း)ကျပ်ကို တစ်ပေါင်းတည်း လှူဒါန်းခဲ့ရာ ယခုဆိုလျှင် ဒေါ်စန်းစန်းအေး လှူဒါန်းသော အလှူငွေသည် ၉၁၀၀၀၀(ကိုးသိန်းတစ်သောင်း)ကျပ် ရှိပြီဖြစ်ပါသည်။

အလှူရှင် ဒေါ်စန်းစန်းအေးမိသားစုနှင့်အတူ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာ အောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။

အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး၊ ဆင်းရဲသူဆင်းရဲသားများ သက်သာချောင်ချိရေး၊ လူသားချင်းစာနာ ထောက်ထားရေး၊ ဆင်းရဲသားတို့ နှလုံးသား၌ မြတ်ဘုရားသာသနာ ထွန်းကားရေး စသောလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်စေလိုသော ဒါနပါရမီရှင် ကုသိုလ်ရှင်များ နဂါးနီစုဘူးသို့ ဆက်သွယ်နိုင်ပါသည်။

နာယက ဦးဇဝန-09.797075687
ဒုဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ-09.91039260
အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်-09.91015341