မုဒိတာရပ်ဝန်းသတင်း
“မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ
မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၃၀၀၀၀(သုံးသိန်း သုံးသောင်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၄၀၀၀၀၀(လေးသိန်း)ကျပ် လှူဒါန်းပါသည်။ (1.3.2020)
ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊
မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တို့၌ ဆင်းရဲသူဆင်းရဲသား များအတွက် နဂါးနီစုဘူးအသင်း တည်ထောင်၍လည်းကောင်း၊
လူမျိုးခြား ဘာသာခြားတို့ထံ၌ ဆန္ဒမရှိဘဲအလုပ်လုပ်နေရသော မိန်းကလေးများ၊ ကလေးသူငယ်များအတွက် မြန်မာလုပ်သားကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်း၍လည်းကောင်း၊
ပြည်ချစ်သား အမျိုးသားရေးသတင်းဂျာနယ် ဖြန့်ချိလျက်လည်းကောင်း၊ မဟာဝီရ ရသစုံ မဂ္ဂဇင်းထုတ် ဝေလျက်လည်းကောင်း၊
အခြားသော ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း အမျိုး ဘာသာ သာသနာအကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်သယ်ပိုးလျက်ရှိပါသည်။