မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း
“မုဒိတာရပ်ဝန်း – ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၃၆)”
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် ပျော်ဘွယ်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ/ မြိုနယ် မ.ဘ.သ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိလာသ(ရန်အောင်တောရ)၊ ပျော်ဘွယ်မြို့နယ် သံဃနာယက အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဇောတိက (ကျွန်းတုန်း)၊ ပျော်ဘွယ်မြို့နယ်ဘ/ကဥက္ကဋ္ဌ ဆရာတော်အရှင်သြဘာသ( မှန်နန်းဘ/က)၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်း)တို့ ဦးဆောင်သော ပျော်ဘွယ်၊ နတ်မောက်၊ ရမည်းသင်း တြိဂံဒေသမှ အလှူရှင်များက အလှူငွေ ၃၅၀၀၀၀ဝိ (သုံးဆယ့်ငါးသိန်းကျပ်)၊ ဆန်(၁၀၀)တင်း၊ ဆီ(၁၁၁)ပိဿာ၊ ပဲ၊ ကြက်သွန်နီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များ လှူဒါန်းပါသည်။ (10.9.2019)
အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းအသူတောင်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။